DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ် ဒီပလိုမာသင်တန်းများဆက်ဖွင့်မည်
DVB
·
October 26, 2014
ရန်ကုန်တက္ကသိုလ်  ဒီပလိုမာသင်တန်းများဆက်ဖွင့်မည်
Donate to DVB

ရန်ကုန် တက္ကသိုလ်ထဲမှာ ဖွင့်နေတဲ့ ဒီပလိုမာ သင်တန်းတွေ ရပ်ဆိုင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီိကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်က ဆရာတွေက မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ်က ဘာသာရပ်ဌာနအလိုက် ဖွင့်လှစ်သင်ကြားပေးနေတဲ့ အချိန်ပိုင်း ဒီပလိုမာသင်တန်းက ၀င်ငွေတွေ အားလုံးကို နိုင်ငံတော်ကို ပေးသွင်းရတော့မှာကြောင့် ရပ်ဆိုင်းတော့မယ်လို့ သတင်းတွေထွက်နေတာ ဖြစ်ပါတယ်။

University of Yangonရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနက လက်ထောက်ကထိက ဆရာ ကျော်သူမြဟန် ကတော့ အခုလို ၀င်ငွေတွေအားလုံးကို အပ်ရမယ်ဆိုတာကို တရားဝင်စာနဲ့ မတွေ့ရသေး သလို သင်တန်းတွေ ရပ်မယ်ဆိုတာလည်း မဖြစ်နိုင်ဘူးလို့လည်း သူက အခုလို ပြောပါတယ်။
“ကျနော့်အမြင်ပေါ့။ ကျနော်တို့ဌာနအနေနဲ့ကတော့ သင်ကြားရေးပိုင်းကို အတိုင်းအတာတခု အထိတော့ ထိခိုက်မှုရှိမယ်။ ဒါပေမယ့် သင်တန်းကြီး ရပ်လောက်အောင်လို့တော့ အခြေအနေဆိုးတဲ့ အနေအထားတော့ မဟုတ်ဘူးလို့ ကျနော်ကတော့ မြင်တယ်။ ဒါက ကျနော့် ပါဆင်နယ်အမြင်ပါ။ တခြားဆရာ၊ ဆရာမတွေနဲ့ အမြင်ချင်းတူချင်မှ တူတယ်။ ဒီသင်တန်းက ရသမျှအားလုံးကို ပြန်လည်ခွဲဝေမှုမရှိတဲ့အကြောင့်မို့လို့ သင်တန်းတွေ ပိတ်ရမယ်ဆိုတာ သိပ်တော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ သိပ်လည်း တအားကြီး အဓိပ္ပါယ်မရှိဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီသင်တန်းတွေက နဂိုကတည်းက ထောက်ပံ့တဲ့ဟာက လုံလောက်တဲ့ ထောက်ပံ့မှု မဟုတ်ဘူး။ အခုလည်း ၀န်ထမ်းလစာနဲ့ လောက်တဲ့လူမရှိဘူး။ ”

အဲဒီသင်တန်းတွေက ၀င်ငွေ ၇၅ ရာခိုင်နှုန်းကို နိုင်ငံတော်ကို ပေးသွင်းရပြီး ၂၅ ရာခိုင်နှုန်း ကိုတော့ သင်တန်း စရိတ်နဲ့ သင်ကြားသူတွေအတွက် သုံးစွဲခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ဆရာ/ဆရာမများအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာ တင်မောင်ထွေးက လည်း အခုလို ပြောပါတယ်။

“ဒီပလိုမာတန်း နားမယ်၊ မနားဘူးဆိုတာလည်း ကျနော်လည်း အတိအကျမသိသေးဘူး။ အဲဒါကို အဓိက သိမှာကတော့ ပါချုပ်ကြီးပေါ့။ ကျနော်ကတော့ ထင်တာက လာမယ့် အမျိုးသားဥပဒေ အတည်ပြုလာမယ့် အချိန်မှာ ကျနော်တို့က ကိုယ်ပိုင်ကျောင်းပုံစံမျိုး ဆက်ဖြစ်လာနိုင်ပါတယ်။ ဒီပလိုမာက နားမယ်လို့တော့ ကျနော်တော့ ထင်မထားဘူး။ အသုံးတည့်တဲ့ဟာတွေ အကုန်လိုက်ပြီး သင်ပေးမှာပဲလေ။ အဲဒီလိုပဲ မြင်ပါတယ်။”

အမျိုးသားပညာရေးဥပဒေမူကြမ်းကို အတည်ပြုပြီးတဲ့နောက်ပိုင်း အခုလို သတင်းတွေ ထွက်ပေါ် လာတာလည်းဖြစ်ပါတယ် ဒါနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ပညာရေးမြင့်တင်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြဦးက အခုလိုပြောပါတယ်။

“အဲဒါက လောလောဆယ် စီမံခန့်ခွဲရေးနဲ့ ပတ်သက်ဦးမှာပါ။ အခုပြောတဲ့ လွတ်လပ်ခွင့် ဆိုတာလည်း ချက်ချင်းကြီးမရဘူး။ ဒီအမျိုးသားဥပဒေကြီး ထွက်လာတာနဲ့ ချက်ချင်း အစိုးရကလည်း ဘာမှ မပေးတော့ဘူး။ ကိုယ့်ဘာသာကိုယ် လုပ်တော့ဆိုတာကြီးက ကျနော့်အမြင်ကတော့ ဖြစ်မှာ မဟုတ်ပါဘူး။ ဥပဒေအရတော့မှန်တယ်။”

ရန်ကုန်တက္ကသိုလ်မှာ ဖွင့်လှစ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဒီပလိုမာသင်တန်းတွေကို ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းကတည်းက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013