DVB Logo
Home
မြန်မာသတင်း
ထောက်ပံ့ရေးအစီအစဉ် ရပ်ဆိုင်းမှုကြောင့် အမေရိကန်ရောက် မြန်မာဒုက္ခသည်များ အခက်တွေ့
DVB
·
January 30, 2025
ထောက်ပံ့ရေးအစီအစဉ် ရပ်ဆိုင်းမှုကြောင့် အမေရိကန်ရောက် မြန်မာဒုက္ခသည်များ အခက်တွေ့
Donate to DVB

အမေရိကန်ပြည်ထောင်စုကို လတ်တလော ရောက်ရှိလာတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ထောက်ပံ့ရေးအစီအစဉ်တချို့ ရပ်ဆိုင်းသွားခဲ့တာကြောင့် မြန်မာဒုက္ခသည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန်မှာ ဒေါ်နယ်ထရမ့်ပ်အစိုးရသစ် တက်လာပြီး နောက်မှာပဲ မကြာသေးခင်က ရောက်ရှိလာတဲ့ ဒုက္ခသည်မိသားစုတွေအတွက် ရန်ပုံငွေသုံးစွဲတာကို ရပ်ဆိုင်းလိုက်ပါတယ်။ Matching Grant Program လို့ခေါ်တဲ့ ထောက်ပံ့ရေးအစီအစဉ်ကို ရပ်ဆိုင်းလိုက်တာပါ။

ပြည်နယ်အလိုက် တခြားထောက်ပံ့ရေးအစီအစဉ်တချို့ ရှိပေမဲ့လည်း ငွေကြေးထောက်ပံ့မှုများတဲ့ အဲဒီအစီအစဉ်ရပ်ဆိုင်းလိုက်တာကြောင့် စရိတ်စကကြီးတဲ့ အိမ်ငှားခပေးတာလို ကိစ္စတွေမှာတော့ အခက်အခဲ ဖြစ်နိုင်တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတခုမှာ အလုပ်လုပ်နေသူတယောက်က ပြောပါတယ်။

ဒါကြောင့် ရောက်ရှိလာတဲ့သူတွေအနေနဲ့ အမြန်ဆုံးအလုပ်ရရှိဖို့နဲ့ မြန်မြန်အထိုင်ကျဖို့လိုပြီး စိတ်ဓာတ်မကျဖို့ကိုလည်း သူက အကြံပြုပါတယ်။ ဒီအစီအစဉ်တွေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားတာဖြစ်ပြီး ပြီးရင်ရော ဘာတွေဆက်ဖြစ်မလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

အမေရိကန်ပြည်ထောင်စုကို မကြာသေးခင်ကမှ ရောက်ရှိလာခဲ့တဲ့ မြန်မာဒုက္ခသည်တယောက်ကလည်း အစိုးရသစ်ရဲ့ မူဝါဒအပြောင်းအလဲတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကူညီပေးနေတဲ့ အေဂျင်စီတွေက အလုပ်ရှာပေးနေပေမဲ့လည်း အလုပ်က ထင်သလောက် မလွယ်ကူဘူးလို့လည်း ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကို လတ်တလော ရောက်ရှိလာတဲ့ မြန်မာဒုက္ခသည်တွေထဲ ထောက်ပံ့ရေး အစီအစဉ်တွေ ပြည်နယ်အလိုက် ကွာခြားတာလည်း ရှိပါတယ်။

တချို့ပြည်နယ်တွေမှာတော့ လက်ရှိအချိန်ထိ အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် မရရှိသေးတာတွေလည်း ရှိသလို ကူညီပေးနေတဲ့ အေဂျင်စီအဖွဲ့တွေအလိုက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေလည်း မတူကြပါဘူး။

တချို့သော ဒုက္ခသည်အကူအညီပေးရေးအဖွဲ့တွေကတော့ ဒုက္ခသည်တွေကို ဆက်ပြီး ကူညီနိုင်ရေးအတွက် အွန်လိုင်းကနေ အလှူခံနေတာတွေလည်း ရှိပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013