DVB Logo
Home
နိုင်ငံတကာ
ဂွါတာနာမိုတွင် ရွှေ့ပြောင်းနေထိုင်သူ ၃၀,၀၀၀ ခန့်ထားရန် သမ္မတထရမ့်ပ် အစီအစဉ်
DVB
·
January 30, 2025
ဂွါတာနာမိုတွင် ရွှေ့ပြောင်းနေထိုင်သူ ၃၀,၀၀၀ ခန့်ထားရန် သမ္မတထရမ့်ပ် အစီအစဉ်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဂွါတာနာမိုပင်လယ်အော်ရှိ ရွှေ့ပြောင်းနေထိုင်သူ ထိန်းသိမ်းရေးစခန်းကို ရွှေ့ပြောင်းနေထိုင်သူ ၃၀,၀၀၀ လောက်အတွက် ပြင်ဆင်ထားဖို့ ပင်တဂွန်နဲ့ အမိမြေလုံခြုံရေးဌာနကို အမိန့်ထုတ်မယ်လို့ ဇန်နဝါရီ ၂၉ ရက် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီ ပိဟဂ်ဆက်က ဇန်နဝါရီ ၂၉ ရက်မှာ နိုင်ငံရေး လေ့လာသုံးသပ်သူ ဝေလ်ကိန်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဂွါတာနာမိုပင်လယ်အော်က စခန်းဟာ ရွှေ့ပြောင်းအခြေချသူတွေကို ပြန်ပို့တာကို လက်မခံတဲ့ နိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေ အတွက် လုံခြုံတဲ့နေရာတခုအဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရာဇ၀တ်မှု ကျူးလွန်သူတွေအတွက် ထိန်းသိမ်းရေးစခန်း ဆိုတာထက် “ယာယီအကူးအပြောင်း” အဆောက်အအုံအဖြစ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

ဂွါတာနာမို ပင်လယ်အော်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းထားတာ ပိုကောင်းမယ်လို့ ဝန်ကြီးက အာမခံ ပြောကြားလိုက်ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်ပြည်သူတွေနဲ့ဝေးရာမှာ ထားရှိဖို့ ဒီဇိုင်းထုတ်ထားတဲ့ လုံခြုံဘေးကင်းတဲ့ နေရာ လို့လည်း ခေါ်ဆိုခဲ့ပါတယ်။

ကျူးဘားနိုင်ငံ၊ ဂွါတာနာမို ပင်လယ်အော်ရှိ အမေရိကန် ရေတပ်အခြေစိုက်စခန်းမှာ နိုင်ငံခြား အကြမ်းဖက် သံသယရှိသူတွေအတွက် လုံခြုံရေးမြင့်မားတဲ့ အမေရိကန်အကျဉ်းထောင်ကနေ သီးခြားခွဲထုတ်ထားတဲ့ ရွှေ့ပြောင်းအခြေချစခန်းတခု ရှိနေတာ ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်ပြီး ပင်လယ်ပြင်မှ ကောက်ယူ ကယ်ဆယ်ထားတဲ့ ဟေတီနဲ့ ကျူးဘား လူမျိုးတွေကို ထိန်းသိမ်းထားဖို့ အပါအဝင် ရံဖန်ရံခါ အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မှုအပြီးမှာ နိုင်ငံခြားစစ်သွေးကြွလို့ သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းထားဖို့ ၂၀၀၂ ခုနှစ်မှာ အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က ဂွါတာနာမို ပင်လယ်အော်ရှိ ထိန်းသိမ်းရေးစခန်းကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာတော့ အကျဉ်းသား ၁၅ ယောက် ကျန်ရှိပါတယ်။

ထရမ့်ပ်ရဲ့ ရှေ့က ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတ ၂ ဆက်ဖြစ်တဲ့ ဘားရက်ခ် အိုဘားမားနဲ့ ဂျိုးဘိုင်ဒင် တို့ဟာ ဂွါတာနာမို အကျဉ်းထောင်ကို ပိတ်ပစ်ဖို့ ကြိုးပမ်းခဲ့ကြပြီး အကျဉ်းသားဦးရေကို လျှော့ချနိုင်ခဲ့ပေမဲ့လည်း ထရမ့်ပ်က ဆက်ဖွင့်ထားဖို့ ကတိပြုခဲ့တာပါ။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဂွါတာနာမို အကျဉ်းထောင်ကို ရက်အကန့်အသတ်မရှိ ထိန်းသိမ်းခြင်းအတွက် ပြစ်တင်ရှုတ်ချခဲ့တာ ကြာပါပြီ။

ရွှေ့ပြောင်းအခြေချသူတွေအတွက် အဆောက်အအုံကတော့ အခြေစိုက်စခန်းရှိ ထိန်းသိမ်းရေးစခန်းနဲ့ သီးခြားဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013