DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေ ရှားပါးမှု စတင်ကြုံနေရ
DVB
·
January 30, 2025
ကရင်နီစစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေ ရှားပါးမှု စတင်ကြုံနေရ
Donate to DVB

ကရင်နီပြည်နယ်ထဲက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေရှားပါးမှုဒဏ်ကို နွေရာသီမရောက်ခင် အခု ဇန်နဝါရီကတည်းက  စတင်ကြုံတွေ့နေရပြီလို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်တွေအတွက် ရေခက်ခဲနေ တာကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်လာသလို ရေခက်တာကြောင့် တကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း အခက်တွေ့လာနေပါတယ်။

သောက်သုံးရေအတွက် လှူဒါန်းပေးတဲ့ ပရဟိအဖွဲ့တွေရှိပေမဲ့ ရေလိုအပ်ချက်များပြားနေတာနဲ့ ရေသယ်ဖို့ ဒီဇယ်ဈေးမြင့်တက်တာတွေကလည်း စိန်ခေါ်မှုတခုဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ Jobs For Kayah အဖွဲ့က ပြောပါတယ်။

စစ်ရှောင်ဦးရေ များပြားလာလို့ ရေအလျင်မီအောင်ပေးပို့နိုင်ဖို့ကလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ရေလှူဒါန်းမှုတွေအတွက် ရေကားတစီးကို ငွေကျပ် ၄၀၀၀၀ နဲ့ လှူဒါန်းနိုင်တယ်လို့လည်း Jobs For Kayah အဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013