DVB Logo
Home
နိုင်ငံတကာ
ChatGPT ၏ မူပိုင်မိုဒယ်များကို တရုတ် DeepSeek အသုံးပြုထားဟု စွပ်စွဲ
DVB
·
January 30, 2025
ChatGPT ၏ မူပိုင်မိုဒယ်များကို တရုတ် DeepSeek အသုံးပြုထားဟု စွပ်စွဲ
Donate to DVB

တရုတ်အသိဉာဏ်တုကုမ္ပဏီ DeepSeek ဟာ သူတို့ရဲ့ မူပိုင်မိုဒယ်တွေကို အသုံးပြုပြီး လေ့ကျင့်ထားတာဖြစ်ကြောင်း အထောက်အထားတွေ တွေ့ရှိရတယ်လို့ ChatGPT ထုတ်လုပ်တဲ့ အမေရိကန်ကုမ္ပဏီ OpenAI က ထုတ်ပြန်လိုက်ပါတယ်။

အဆီအနှစ်ထုတ်ယူမှု (distillation) လုပ်ထားတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဆန်ဖရန်စစ္စကို အခြေစိုက် ကုမ္ပဏီက စွပ်စွဲလိုက်ပါတယ်။

အဆီအနှစ်ထုတ်ယူမှု (distillation) ဆိုတဲ့နည်းလမ်းဟာ ပိုကြီးပြီး ပိုစွမ်းဆောင်ရည်ကောင်းတဲ့ မိုဒယ်တွေရဲ့ ထုတ်လုပ်မှုကို သုံးပြီး ပိုသေးတဲ့ မိုဒယ်တွေမှာ စွမ်းဆောင်ရည်ကောင်းအောင် developers တွေက လုပ်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းနဲ့ ကုန်ကျစရိတ်သက်သက်သာသာနဲ့ အလားတူရလဒ် ထုတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ နည်းပညာလုပ်ငန်းနယ်ပယ်မှာ လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စတခုဖြစ်ပေမဲ့ ပြိုင်ဘက်ရဲ့ မိုဒယ်ကို အသုံးချပြီး ကိုယ်ပိုင်လုပ်တာကတော့ OpenAI ရဲ့ ဝန်ဆောင်မှု စည်းကမ်းကို ချိုးဖောက်ရာ ရောက်နေပါတယ်။

သမ္မတ ထရမ့်ပ်ရဲ့ AI နည်းပညာအကြံပေးပုဂ္ဂိုလ် ဒေးဗစ်ဆက်စ်ကလည်း ဒါဟာ ဉာဏပစ္စည်း ခိုးယူမှု ဖြစ်နိုင်ခြေရှိတယ်လို့ သတိပေးထားပါတယ်။

DeepSeek ဟာ ဒေါ်လာ ၆ သန်းလောက်နဲ့ အသိဉာဏ်တု အထာက်အကူပြု Chatbot ထုတ်လုပ်နိုင်တယ် ဆိုတာကြောင့် အမေရိကန်နည်းပညာလောကသာမက စတော့စျေးကွက်ပါ လှုပ်ခတ်သွားခဲ့ပြီး နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာစျေးတွေ ထိုးကျကုန်ပါတယ်။

AI အတွက် စွမ်းရည်မြင့် ချစ်ပ်ပြားတွေ ထုတ်လုပ်တဲ့ Nvidia ကုမ္ပဏီဆိုရင် စျေးကွက်တန်ဖိုး ဒေါ်လာ ၅၈၉ ဘီလီယံတောင် ကျသွားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013