
ဆိုးရွားပြင်းထန်တဲ့ အအေးဒဏ်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ထင်ရှားတဲ့ နိုင်ရာဂရာ ရေတံခွန်ကြီးဟာ နှင်းတွေ၊ ရေခဲတွေနဲ့ ဖုံးလွှမ်းပြီး ပန်းချီကားတချပ်လို လှပနေတဲ့ ဗီဒီယိုပုံရိပ်တွေကို ကနေဒါဘက်ခြမ်းက ထုတ်ပြန်ပေးခဲ့ပါတယ်။
ဗီဒီယိုဖိုင်မှာ ရေတံခွန်ပတ်ဝန်းကျင်မှာ နှင်းတွေ၊ ရေခဲတွေနဲ့ ဖုံးနေတဲ့ မြင်ကွင်းနဲ့အတူ အေးခဲနေတဲ့ နိုင်ရာဂရာမြစ်ပေါ် ဖြတ်ပြီး အမေရိကန်ဘက်ကိုထိုးထားတဲ့ သက်တံ့တံတား (Rainbow Bridge) ကိုပါ ဇန်နဝါရီ ၂၉ ရက်မှာ မြင်တွေ့ရပါတယ်။
နှင်းဖုံးတဲ့ရှုမျှော်ခင်းဟာ Table Rock ကြိုဆိုရေးစင်တာနဲ့ ရှုခင်းကြည့်စင်တွေကို လွှမ်းခြုံထားပြီး ပုံပြင်ထဲက အံ့ဖွယ်ကမ္ဘာလို မြင်ကွင်းမျိုးကို ရှုမြင်ရမှာ ဖြစ်ပါတယ်။
Source : Reuters











