
အနောက်ဘက်ကမ်းဒေသအတွင်း အစ္စရေးရဲ့ အဓိက စစ်ဆင်ရေးကို ဆက်လုပ်နေချိန်မှာပဲ အစ္စရေး ကာကွယ်ရေးဦးစီးချုပ် အစ္စရေး ခက်ဇ်ဟာ ဂျဲ့နင်း ဒုက္ခသည်စခန်းဆီ ဇန်နဝါရီ ၂၉ ရက်က သွားရောက်ခဲ့ပါတယ်။
အစ္စရေးဟာ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး စကတည်းက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း တလျှောက် လက်နက်ကိုင်အဖွဲ့တွေအပေါ် အသစ်ပြန်ပြီး အာရုံစူးစိုက်ခဲ့ပါတယ်။
ဂျဲ့နင်းမြို့ကို အဓိကထားလုပ်ဆောင်တဲ့ အဓိကစစ်ဆင်ရေးဟာ မတည်ငြိမ်တဲ့ အနောက်ဘက်ကမ်းမြို့မှာ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုတွေကို တန်ပြန်ဖို့လို့ စစ်တပ်က ပြောပါတယ်။
စီးနင်းတာတွေ ဆက်ဖြစ်နေချိန်မှာ ပါလက်စတိုင်းဒေသခံတွေဟာ သူတို့ရင်ဆိုင်ရမယ့် အကြောက်တရားတွေကို ထုတ်ပြောခဲ့ကြပြီး စီးနင်းမှုတွေဟာ ဒေသဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေနိုင်တယ်လို့ ထောက်ပြကြပါတယ်။
အစ္စရေးစစ်တပ်က စီးနင်းတာတွေ လုပ်နေတယ်ဆိုတဲ့ ဗီဒီယိုတွေကို မျှဝေထားပြီး ရိုက်တာ သတင်းဌာနကတော့ တည်နေရာနဲ့ ဗီဒီယိုထဲက ရက်စွဲကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။
Source-Reuters











