DVB Logo
Home
မြန်မာသတင်း
ကလေးငယ် ၂၀၀ ခန့် ပညာသင်ကြားနေသည့် မြန်မာစာသင်ကျောင်းကို ထိုင်းရဲဝင်စီး၊ ၄ ဦး ဖမ်း ဆီးခံရ
DVB
·
January 30, 2025
ကလေးငယ် ၂၀၀ ခန့် ပညာသင်ကြားနေသည့် မြန်မာစာသင်ကျောင်းကို ထိုင်းရဲဝင်စီး၊ ၄ ဦး ဖမ်း ဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်ထဲက ကော့ဖငန်ကျွန်းမှာ တရားမဝင်ဖွင့် လှစ်ထားတဲ့ လိုင်စင်မဲ့ မြန်မာစာသင်ကျောင်းတကျောင်းကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၄ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ Bangkok Post သတင်းမှာ ဇန်နဝါရီ ၂၉ ရက်က ဖော်ပြပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတခုမှာ ဖွင့်လှစ်ထားတဲ့ အဆိုပါ စာသင်ကျောင်းမှာတော့ အသက် ၃ နှစ်ကနေ ၁၂ နှစ်ကြား ကလေးသူငယ် ၁၉၀ လောက် ပညာသင်ကြားနေကြပြီး အင်္ဂလိပ်-မြန်မာကျောင်းသုံးဖတ်စာအုပ် ၃၁ အုပ်ကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ တရားမဝင် လည်ပတ်နေတဲ့ အဆိုပါ စာသင်ကျောင်းကို ဇန်နဝါရီ ၂၈ ရက်မှာ စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆူရတ်ဌာနီရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး ရဲမှူးချုပ် ချာရွန်ချိုင် ဘွန်ကရီယန်က ပြောပါတယ်။

လတ်တလောမှာတော့ ရဲတပ်ဖွဲ့က အသက် ၄၀ အရွယ် အေးမြသူဇာ၊ ၃၁ နှစ်အရွယ် ရန်နိုင်စိုး၊ ၃၃ နှစ်အရွယ် မြမြဝင်းနဲ့ ၂၁ နှစ်အရွယ် ချစ်ဖြိုးနောင်တို့ကို ဖမ်းဆီးထားပြီး သူတို့ထဲက ၂ ယောက်ကို ခွင့်ပြုမိန့်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ တရားစွဲဆိုထားပါတယ်။

ရဲမှူးချုပ် ချာရွန်ချိုင်က အဆိုပါ စာသင်ကျောင်းဟာ လွန်ခဲ့တဲ့ ၆ လလောက်က စတင်ဖွင့် လှစ်ထားသလို တက်ရောက်ပညာသင်ကြားနေကြတဲ့ ကလေးသူငယ်တွေဟာ ကော့ဖငန် က မြန်မာအလုပ်သမားတွေရဲ့ ကလေးတွေဖြစ်ပြီး ကျောင်းသားတယောက်ကို တရက် ဘတ် ၃၀၀ ကောက်ခံကြောင်း တွေ့ရှိရတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ ရဲတွေက အဆိုပါ ကျောင်းကို တည်ထောင်သူ အစစ်အမှန်ကို ရှာ ဖွေနေသလို မြန်မာကလေးသူငယ်တွေရဲ့ မိဘတွေမှာ အလုပ်လုပ်ကိုင်ခွင့် ပါမစ် ရှိမရှိ ကိုလည်း ရှာဖွေနေ ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ထိုင်းအာဏာပိုင်တွေက နိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်ထဲက မြန်မာရွှေ့ပြောင်းကလေးသူငယ် ၁,၀၀၀ ကျော် ပညာသင်ကြားနေတဲ့ “မေတ္တာရိပ်” မြန်မာစာသင်ကျောင်းအပါအဝင် စာသင်ကျောင်း ၆ ကျောင်းကို ပိတ်သိမ်းခဲ့ပါသေးတယ်။

မေတ္တာရိပ်စာသင်ကျောင်းဟာ ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပ‌ဒေအရ တည် ထောင်ဆောက်လုပ်ခွင့်မရှိဘဲ လည်ပတ်လုပ်ဆောင်နေတာကြောင့် လုပ်ငန်းအားလုံးရပ် ဆိုင်းလိုက်ပြီး တရားဥပဒေရအရေးယူ ဆောင်ရွက်ဖို့  သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို စာသင်ကျောင်းတွေကို ထိုင်းအစိုးရက ဖမ်းဆီးအရေးယူတာနဲ့ ပတ်သက်ပြီး ကလေးငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ထိုင်း NGO တွေကတော့ ဝေဖန်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြန်မာရွှေ့ပြောင်းကလေးသူငယ် အနည်းဆုံး ၅ သိန်းလောက် ရှိနိုင်တယ်လို့ အကူအညီပေးနေသူတွေက ခန့်မှန်းထားကြပါတယ်။

ထိုင်းစာသင်ကျောင်းတွေက မြန်မာကလေးသူငယ်တွေကို သင်ကြားပေးနိုင်ပေမဲ့ မိဘတွေက တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေဖြစ်တာကြောင့် ဝင်ခွင့်ရရှိဖို့ ခက်ခဲကြောင်းလည်း ဒေသတွင်း ပညာရေးဆိုင်ရာအာဏာပိုင်တွေက အစောပိုင်းတုန်းက ပြောထားပါတယ်။

Souce: Bangkok Post 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013