DVB Logo
Home
မြန်မာသတင်း
ကော့ဖငန်ကျွန်းတွင် လိုင်စင်မဲ့ နေ့ကလေးထိန်းကျောင်းကို ထိုင်းရဲ ဝင်စီး၊ မြန်မာ အပါအဝင် ၈ ဦး ဖမ်းခံရ
DVB
·
January 29, 2025
ကော့ဖငန်ကျွန်းတွင် လိုင်စင်မဲ့ နေ့ကလေးထိန်းကျောင်းကို ထိုင်းရဲ ဝင်စီး၊ မြန်မာ အပါအဝင် ၈ ဦး ဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်ထဲက ကော့ဖငန်ကျွန်းမှာ တရားမဝင် ဖွင့် လှစ်ထားတဲ့ လိုင်စင်မဲ့ နေ့ကလေးထိန်းကျောင်းတကျောင်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားတဦး အပါအဝင် ၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Khaosod English သတင်းမှာ ဖော်ပြပါတယ်။

ဒေသတွင်း ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာတော့ ရုရှားနိုင်ငံသား ၅ ဦး၊ ယူကရိန်းနိုင်ငံသား ၂ ဦးပါ ဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ စီးနင်းမှုက တရားမဝင် လူဝင်မှုကြီးကြပ်ရေး၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေကို ထိုင်းအစိုးရ နှိမ်နင်းမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

အဓိကသံသယရှိသူတွေဖြစ်ကြတဲ့ အသက် ၄၂ နှစ်အရွယ် ရုရှားနိုင်ငံသူ မစ္စမာဂရီတာနဲ့ အသက် ၄၃ နှစ်အရွယ် ယူကရိန်းနိုင်ငံသား မစ္စတာ အိုလက်ဆန်ဒါတို့ဟာ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုမထားတဲ့ ကလေးထိန်းဂေဟာကို လုပ်ကိုင်တာ၊ တရားဝင်ပါမစ်မရှိဘဲ လုပ်ငန်း လည်ပတ်တာ၊ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားမရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ခန့်အပ်တာ စတဲ့ စွဲချက်များစွာကို ရင်ဆိုင်နေရတဲ့အပြင် မစ္စတာ အိုလက်ဆန်ဒါဟာ ဗီဇာရက်ပေါင်း ၁,၀၈၆ ရက်ကျော်လွန်နေထိုင်မှုအတွက် နောက်ထပ် စွဲချက်တခုနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

တခြားနိုင်ငံခြားသာ ၅ ဦးကိုတော့ အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ တရားစွဲဆိုထားပြီး မြန်မာနိုင်ငံသားကိုတော့ လိုအပ်တဲ့ ၁၅ ရက်အတွင်း အလုပ်အကိုင် အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာကို တင်ပြဖို့ ပျက်ကွက်မှုနဲ့ပါ တရားစွဲဆိုထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ ကျွန်းပေါ်က နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေကို ထိန်းညှိဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ ဆူရတ်ဌာနီရဲတပ်ဖွဲ့က ကော့ဖငန်လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဒေသတွင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ ပူးပေါင်းပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013