DVB Logo
Home
အားကစား
ဘရာဇီးတိုက်စစ်မှူးနေမာ အယ်ဟီလယ်နှင့် စာချုပ်ဖျက်သိမ်းပြီး ဆန်းတို့စ်အသင်းဆီ ပြောင်းရွှေ့
DVB
·
January 29, 2025
ဘရာဇီးတိုက်စစ်မှူးနေမာ အယ်ဟီလယ်နှင့် စာချုပ်ဖျက်သိမ်းပြီး ဆန်းတို့စ်အသင်းဆီ ပြောင်းရွှေ့
Donate to DVB

ဆော်ဒီကလပ် အယ်ဟီလယ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူးနေမာဟာ မွေးရပ်မြေကလပ် ဆန်းတို့စ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ကစားတော့မှာ ဖြစ်ပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာ ဒဏ်ရာပြဿနာတွေကြောင့် အယ်ဟီလယ်နဲ့  ၂ ရာသီကြာကာလအတွင်းမှာ ၇ ပွဲသာ ကစားနိုင်ခဲ့ပြီး သွင်းဂိုး ၁ ဂိုး၊ ၂ ဂိုးဖန်တီးမှုသာ ပြုလုပ်နိုင်ခဲ့ တာပါ။

နေမာဟာ ဆန်းတို့စ်အသင်းနဲ့ ၆ လစာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ တနှစ်သက်တမ်းတိုးမယ့် သဘောတူညီမှု ပါဝင်တယ်လို့ သိရပါတယ်။

နေမာ ပြန်လာမယ့်အပေါ် ဆန်းတို့စ်အသင်းဥက္ကဋ္ဌ မာဆယ်လို တိုင်ဆီယာကအတည်ပြုခဲ့ပါ တယ်။ ဆန်းတို့စ်အသင်းနဲ့ ကစားသမားဘဝစတင်ခဲ့တဲ့ နေမာဟာ ၂၀၀၉ ခုနှစ်ကနေ  ၂၀၁၃ ခုနှစ်အထိ ကစားခဲ့ပြီး ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ အယ်ဟီလယ်အသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013