DVB Logo
Home
နိုင်ငံတကာ
တရုတ်လုပ် DeepSeek AI အမေရိကန်ကုမ္ပဏီများအတွက် တွန်းအားဖြစ်ဟု ထရမ့်ပ် သုံးသပ်
DVB
·
January 28, 2025
တရုတ်လုပ် DeepSeek AI အမေရိကန်ကုမ္ပဏီများအတွက် တွန်းအားဖြစ်ဟု ထရမ့်ပ် သုံးသပ်
Donate to DVB

တရုတ်ကုမ္ပဏီ DeepSeek ရဲ့ နည်းပညာဟာ အမေရိကန်ကုမ္ပဏီတွေအတွက် တွန်းအားတခု ဖြစ်သင့်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

တရုတ်ကုမ္ပဏီတွေက ဈေးသက်သာပြီး မြန်ဆန်တဲ့ ဉာဏ်ရည်တု နည်းပညာတခု တီထွင်နိုင်ခဲ့တာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“တရုတ်ကုမ္ပဏီရဲ့  DeepSeek AI ထွက်ပေါ်လာတာဟာ ကျုပ်တို့လုပ်ငန်းတွေအနေနဲ့ အနိုင်ရဖို့ ပြိုင်ဆိုင်မှုအပေါ် အာရုံစိုက်ရမယ်ဆိုတဲ့ လှုပ်နှိုးခေါ်ဆိုမှုတခု ဖြစ်သင့်ပါတယ်” လို့ ဖလော်ရီဒါပြည်နယ်မှာ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

တရုတ်ခေါင်းဆောင်တွေက အမေရိကန်မှာ ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်တွေ ရှိတယ်လို့ သူ့ကို ပြောပြခဲ့တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

တရုတ်လုပ်ငန်းတွေက ဈေးသက်သာတဲ့ AI နည်းပညာ တီထွင်နိုင်ရင် အမေရိကန်ကုမ္ပဏီတွေလည်း လိုက်လုပ်နိုင်လိမ့်မယ်လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013