DVB Logo
Home
နိုင်ငံတကာ
Google Maps တွင် မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့ဟု အမည်ပြောင်း
DVB
·
January 28, 2025
Google Maps တွင် မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့ဟု အမည်ပြောင်း
Donate to DVB

Google Maps မှာ မက္ကဆီကို ပင်လယ်ကွေ့ အမည်ကို အမေရိက ပင်လယ်ကွေ့လို့ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet က ဆိုရှယ်မီဒီယာ X မှာ ဇန်နဝါရီ ၂၇ ရက်က ပို့စ်တင်ပြီး ဖော်ပြပါတယ်။

ဒီလို နာမည်ပြောင်းတာက အမေရိကန်နိုင်ငံက အသုံးပြုသူတွေအတွက် အမေရိကန်ပင်လယ်ကွေ့လို့ မြင်ရမှာဖြစ်ပြီး မက္ကဆီကိုနိုင်ငံက အသုံးပြုသူတွေအတွက် မက္ကဆီကို ပင်လယ်ကွေ့လို့ မြင်ရမှာပါ။

ဒီ ၂ နိုင်ငံရဲ့ ပြင်ပ တခြားနိုင်ငံတွေကတော့ နာမည် ၂ မျိုးစလုံးကို မြင်တွေ့နိုင်တယ်လို့ Google ပြောရေးဆိုခွင့်ရှိသူက ဆိုရှယ်မီဒီယာ X မှာ ဖော်ပြပါတယ်။

ထရမ့်ပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ အတွင်းလူတွေက မက္ကဆီကို ပင်လယ်ကွေ့ ဆိုတဲ့ နာမည်ကို ဇန်နဝါရီ ၂၄ ရက်ကတည်းက ပြောင်းလဲခဲ့တယ်လို့ ပြောပါတယ်။

ပြီးတော့ မြောက်အမေရိကမှာ အရှည်ဆုံးတောင်ဖြစ်တဲ့ အေလာစကန်ဒီနာလီ နာမည်ကို မက်ကင်လေးလို့ ပြောင်းလဲခဲ့တယ်လို့လည်း အတွင်းလူတွေက ပြောပါတယ်။

ဒေါ်နယ်ထရမ့်ပ်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတတာဝန်ယူပြီးနောက် ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေထဲမှာ မက္ကဆီကို ပင်လယ်ကွေ့ နာမည်ပြောင်းလဲခြင်းပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ထရမ့်ပ်ဟာ မဲဆွယ်ကာလမှာ ကတိပြုထားတာတွေကို စကားတည်တဲ့ အနေနဲ့ သမ္မတအဖြစ် ကျမ်းကျိန်ပြီးတာနဲ့ အမိန့်တွေ ဆက်တိုက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013