DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်းနယ်စပ်မှ သယ်လာသော အိုက်စ်မူးယစ်ဆေး ၂၀၀ ကီလိုဂရမ် ဖမ်းမိ 
DVB
·
January 28, 2025
ထိုင်းမြောက်ပိုင်းနယ်စပ်မှ သယ်လာသော အိုက်စ်မူးယစ်ဆေး ၂၀၀ ကီလိုဂရမ် ဖမ်းမိ 
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသကနေ သယ်ဆောင်လာတဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၂၀၀ ကီလိုဂရမ်ကို ထိုင်းမြောက်ပိုင်းနဲ့ အလယ်ပိုင်းနယ်စပ် နခွမ်းဆဝမ်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အမှတ် ၂ နဲ့ ၃ ခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ည ၇ နာရီကျော်က နခွမ်းဆဝမ်ခရိုင် ဖယုဟခီရီမြို့ ယန့်မတ်ဆီရပ်ကွက်အပိုင်းရှိ အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်သွားယာဉ်လာတွေ စောင့်ကြပ်စစ်ဆေးစဉ် အဖြူရောင် မှန်လုံကားတစီးကိုပါ စစ်ဆေးခဲ့ပါတယ်။

ကားနောက်ခန်း အံဝှက်ထဲမှာ အထုပ်ပေါင်း ၂၀၀ စစ်ဆေးတွေ့ရှိပြီး အထုပ် ၁ ထုပ်ထဲမှာ အိုက်စ်စိတ်ကြွဆေး ၁ ကီလိုဂရမ်စီ ပါတာကြောင့် စုစုပေါင်း အလေးချိန် ၂၀၀ ကီလိုဂရမ် ဖမ်းမိတာလို့ တာဝန်ရှိသူက ပြောပါတယ်။

ယာဉ်မောင်းသမားမှာ အသက် ၂၄ နှစ်ရွယ်ရှိ နိုင်းရတ်ဆိုသူ ထိုင်းတယောက်ဖြစ်ပြီး သူဟာ အဲဒီအထုပ်တွေကို ထိုင်းမြောက်ပိုင်းနယ်စပ်ကနေ သယ်ဆောင်လာတာလို့ ထွက်ဆိုပါတယ်။

ဒါ့အပြင် အဆိုပါကားကို ရှေ့ကနေ လမ်းပြ လမ်းရှင်းပေးတဲ့ နောက်ထပ် အညိုရောင် ဆလွန်းကားတစီးကိုပါ အယုဒ္ဓယခရိုင် မဟာရာ့ချ်မြို့နယ် ထာ့တော်ရပ်ကွက်ရှိ ဓာတ်ဆီဆိုင် တဆိုင်မှာ ဖမ်းဆီးရမိတယ်၊ ယာဉ်မောင်းမှာ အသက် ၃၁ နှစ်ရွယ် ထိုင်းအမျိုးသားလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက နောက်ထပ်ကွင်းဆက်တွေ ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့ ဆိုပါတယ်။

Source : Maesaipress

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013