DVB Logo
Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်တွင် ကျားဖြန့်ဂိုဏ်း၏ ဆက်သွယ်ရေးကိရိယာ ဖမ်းမိ 
DVB
·
January 27, 2025
ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်တွင် ကျားဖြန့်ဂိုဏ်း၏ ဆက်သွယ်ရေးကိရိယာ ဖမ်းမိ 
Donate to DVB

ထိုင်းတောင်ပိုင်း၊ မလေးရှားနယ်စပ် ဆုန်ခလာခရိုင် ဆဒေါဝ်းမြို့မှာ ကျားဖြန့် ငွေလိမ်ဂိုဏ်းက တပ်ဆင်ထားတဲ့ ဆက်သွယ်ရေးကိရိယာတွေ ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆဒေါဝ်းမြို့ ဆမ်နတ်ခန်အုပ်စု ဘန့်ဒန်နောက်ရပ်ကွက်ထဲမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းက ဆက်သွယ်ရေးစက်ကိရိယာ တပ်ဆင်ပြီး နယ်မြေထဲရှိ ပြည်သူတွေကို လိမ်လည်နေကြောင်း သတင်းရထားတဲ့အတွက် နည်းပညာရာဇဝတ်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ (AOC) က အချိန်အတိုင်းအတာတခုထိ စုံစမ်းစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အဆိုပါကိရိယာထားရှိတဲ့နေရာကို သိရှိတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်က တိုင်းဒေသ ၆ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ အမှတ် ၄ NBTC အမျိုးသား အသံလွှင့်နဲ့ ကြေးနန်းဌာန တာဝန်ရှိသူတွေနဲ့အတူ ဘန့်ဒန်နောက်ရပ်ကွက်ရှိ အဆောင်တခုကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အဆောင်ထဲက အခန်းတခန်းကို သော့ဖျက်ပြီး ဝင်ရောက်ရှာဖွေရာမှာ ခုတင်အောက်မှာ ဝှက်ထားတဲ့ ဆိမ်းဘောက်စ် ၂ ခု၊ လောင်ဒါ (အင်တာနက်လိုင်းဖမ်းကိရိယာ) ၁ စုံ၊ အင်တာနက်သွယ်ဝိုင်ယာကြိုး ၂ ချောင်းနဲ့ အခြားပစ္စည်းကိရိယာတွေ တွေ့ရှိတယ်လို့  ဆိုပါတယ်။

အဆိုပါအခန်းကို မလေးရှားနိုင်ငံသား POON WEI MIN ဆိုသူက တလ ဘတ် ၃၅၀၀ နဲ့ လွန်ခဲ့တဲ့ ၂ လလောက်ကမှ လာရောက်ငှါးရမ်းထားတာလို့ အဆောင်ဆိုင်ပိုင်ရှင်က ပြောပါတယ်။ 

ဖမ်းဆီးရမိတဲ့ ဆိမ်းဘောက်စ်မှာ တနေ့လျှင် လူပေါင်း ၂ သိန်းခန့် ခေါ်ဆိုနိုင်တဲ့ ခေတ်ပေါ် ကိရိယာတမျိုးဖြစ်တယ်၊  call center ငွေလိမ်ဂိုဏ်းတွေ အသုံးပြုကြတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့  ၂၀၁၄ အောက်တိုဘာလလောက်က ဆဒေါင်းမြို့နယ်ထဲက ပြည်သူတွေ ကျားဖြန့်ဂိုဏ်းရဲ့ ဆက်သွယ်လိမ်လည်ခြင်းခံခဲ့ရတယ်၊ စုစုပေါင်း ဘတ်ငွေ ၂ သန်းကျော် ဆုံးရှုံးခဲ့တယ်၊ ပြည်သူတွေရဲ့ တိုင်တန်းမှုကြောင့် လိုအပ်သလိုစုံစမ်းစစ်ဆေးပြီး ခုလိုဝင်ဖမ်းတာလို့  ဆိုပါတယ်။ 

ပြည်သူတွေအနေနဲ့ မသင်္ကာဘွယ်ရာ အဆိုပါပစ္စည်းတွေ အသုံးပြုနေတာ တွေ့ရှိပါက နည်းပညာရာဇဝတ်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ (AOC) ရဲ့ အရေးပေါ်ဖုန်းနံပါတ် ၁၄၄၁ ကို ဆက် သွယ်အကြောင်းကြားဖို့  တာဝန်ရှိသူက ပြောပါတယ်။ 

Source: MGR Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013