DVB Logo
Home
အားကစား
လူးဝစ်စကယ်လီအား အနီကတ်ပြသခဲ့သည့် ဒိုင်လူကြီးကို အီယန်ရိုက် အပြင်းအထန်ဝေဖန်
DVB
·
January 26, 2025
လူးဝစ်စကယ်လီအား အနီကတ်ပြသခဲ့သည့် ဒိုင်လူကြီးကို အီယန်ရိုက် အပြင်းအထန်ဝေဖန်
Donate to DVB

အာဆင်နယ် လူငယ်နောက်ခံလူ လူးဝစ်စကယ်လီကို အနီကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ် အိုလီဗာကို အီယန်ရိုက်က အပြင်းအထန် ဝေဖန်သွားပါတယ်။ 

အာဆင်နယ် အသင်းဟာ ဝုဗ်အသင်းနဲ့ ပွဲချိန် ၄၃ မိနစ်မှာ တန်ပြန်တိုက်စစ်ဆင်ဖို့ ဘောလုံးရယူထားတဲ့ ဒိုဟာတီကို နောက်ခံလူ စကယ်လီက ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာပါ။ 

ပရီးမီးယားလိဂ်လို အဆင့်အမြင့်ဆုံး လိဂ်ပြိုင်ပွဲမှာ အဆင့်အတန်းမြင့်မားတဲ့ ဒိုင်လူကြီးတွေ မရှိကြောင်း၊ ဒိုင်လူကြီးကောင်းတွေ ရှိမှသာ အကောင်းဆုံး ပြိုင်ပွဲလို့ သတ်မှတ်နိုင်ကြောင်း အာဆင်နယ် တိုက်စစ်မှူးဟောင်း အီယန်ရိုက်က ပြောပါတယ်။ 

လူးစစ်စကယ်လီကို အနီကတ် ပြသခဲ့တာက ပရီးမီးယားလိဂ်မှာ မပြောနဲ့ ၊ ၅ ယောက်တသင်းကစားရတဲ့ ဆန်းဒေးလိဂ်မှာတောင် အနီကတ်မဟုတ်ဘူးဆိုတာ သိရှိကြောင်း၊ အနီကတ် ပြသခဲ့တဲ့ ဆုံးဖြတ်ချက်က ရယ်စရာကောင်းကြောင်း အီယန်ရိုက်က ဝေဖန်သွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013