DVB Logo
Home
မြန်မာသတင်း
ဘဲခြံပိုင်ရှင်နှင့် ဇနီးကို သတ်ခဲ့သည့် မြန်မာအလုပ်သမား ၂ ဦးဖမ်းမိ
DVB
·
October 25, 2014
ဘဲခြံပိုင်ရှင်နှင့် ဇနီးကို သတ်ခဲ့သည့် မြန်မာအလုပ်သမား ၂ ဦးဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံ အနောက်ပိုင်း ရာ့ခ်ျပူရီခရိုင် ဖိုးထားရမ်းမြို့က ဘဲခြံပိုင်ရှင် ထိုင်းလူမျိုးနဲ့ သူ့ဇနီး မြန်မာအမျိုးသမီးတို့ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ခြံက မြန်မာအလုပ်သမား ၂ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

EyWwB5WU57MYnKOuFHKw83uX9Ig7tTTTeazQNVKZL7g1SmBSeircs8ဒီအမှုမှာ ပူးပေါင်းကျူးလွန်သူ စုစုပေါင်း ၄ ဦးရှိပြီး အားလုံးမြန်မာအလုပ်သမားတွေဖြစ်ကာ လက်ရှိ ကိုယောင်း အသက် ၂၆ နှစ်နဲ့ ကိုအက် အသက် ၁၆ နှစ်ကို ဖမ်းဆီးရမိပြီး ကျန်တဲ့ ကိုဆူးနဲ့ ကိုလိတ်ဆိုသူ ၂ ဦးက ထွက်ပြေးလွတ်မြောက်နေတယ်လို့ အမှတ် ၇ ဒေသရဲတပ်ဖွဲ့က ရဲမှူး နိုင်းဝီရဖုန်း ချင့်ဖပ်ဒီးက အောက်တိုဘာ ၂၃ ရက် ဖိုးထားရမ်းရဲစခန်းရှေ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။

တရားခံတွေက ငွေလိုတဲ့အတွက် ပြစ်မှုကျူးလွန်မိကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဟာ အခင်းဖြစ်တဲ့ညက ဘဲဥတွေကို မြွေဝင်စားနေတယ်လို့ ပြောပြီး အလုပ်ရှင်ရဲ့ အခန်းတံခါးကို ခေါက်ခေါ်ခဲ့ကြောင်း၊ သူ့ဇနီး မြန်မာအမျိုးသမီးက လာဖွင့်ပေးကြောင်း၊ သူမကို အရင် ဓားနဲ့ ထိုးပြီး ခုတင်ပေါ်မှာအိပ်နေတဲ့ အလုပ်ရှင်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ဘတ်ငွေ ၁ သိန်း ၅ သောင်းကို မွှေနှောက်ရှာယူခဲ့တယ်လို့ ၀န်ခံကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တရားခံဆီကနေ ခိုးရာပါငွေ၊ တယ်လီဖုန်း ၃ လုံး နဲ့အတူ ဓားမြောင် ၂ ချောင်း၊ ဆိုင်ကယ်တစ်စီး နဲ့ ဟိုင်းလပ်ကားတစ်စီးကိုပါ သိမ်းဆည်းထားတယ်လို့ ရဲမှူးက ပြောပါတယ်။

ဘဲခြံပိုင်ရှင် နိုင်းချူ့ကလစ် နိမ့်နွန်း အသက် ၆၂ နှစ် နဲ့ သူ့ဇနီး မမီ အသက် ၃၅ နှစ်တို့ဟာ အောက်တိုဘာလ ၁၉ ရက်နေ့ညက အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013