DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေး ပြန်တက်လာ
DVB
·
January 26, 2025
စက်သုံးဆီဈေး ပြန်တက်လာ
Donate to DVB

စင်ကာပူနိုင်ငံရဲ့  MOPS ဈေးနှုန်း ပြန်ကျနေပေမဲ့  မြန်မာပြည်တွင်း စက်သုံးဆီဈေးတွေက  ပြန်လည်မြင့်တက်လာပါတယ်။

ဇန်နဝါရီ ၂၄ ရက် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ ၉၂ တလီတာကို ၃,၁၃၀ ကျပ်၊ ၉၅ တလီတာ ၃,၂၀၀ ကျပ်၊ ဒီဇယ်တလီတာ ၂,၈၆၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၃,၅၂၅ကျပ် ရှ်ိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ၉၂ တလီတာကို ၃,၀၇၅ ကျပ်၊ ၉၅ တလီတာ ၃,၁၄၀ ကျပ်၊ ဒီဇယ်တလီတာ ၂,၇၄၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၃,၃၆၅ ကျပ်အသီးသီး ရှိခဲ့တာကြောင့် ဓာတ်ဆီ ၉၂ တလီတာကို  ၅၅ ကျပ်၊ ၉၅ တလီတာကို ၆၀ ကျပ်၊ ဒီဇယ် တလီတာကို  ၁၂၅ ကျပ်  ပရီမီယမ် ဒီဇယ် တလီတာကို ၁၆၀ ကျပ်အထိ ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကတော့ စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းအပေါ် အခြေခံပြီး စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးနေတာလို့  ဆိုထားပါတယ်။

စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းက ဇန်နဝါရီ ၁၈ ရက်မှာ 92 Ron တစည် ၈၅ ဒသမ ၅၈ ဒေါ်လာ၊ 95 Ron တစည် ၈၇  ဒသမ ၇၂ ဒေါ်လာ၊ 10 PPM တစည် ၁၀၀ ဒသမ ၁၉ ဒေါ်လာ အသီးသီးရှိခဲ့ပြီး ဇန်နဝါရီ  ၂၃ ရက်နေ့မှာ 92 Ron တစည် ၈၃ ဒသမ ၉၀ ဒေါ်လာ၊ 95 Ron  ၈၆ ဒသမ ၃၁ ဒေါ်လာ၊ 10 PPM ၉၅ ဒသမ ၆၁ ဒေါ်လာကို ပြန်ကျဆင်းလာတာ တွေ့ရ ပါတယ်။

မြန်မာပြည်တွင်း စက်သုံးဆီဈေးတွေက ဈေးတက်တဲ့အခါ တက်တဲ့နှုန်းကများပြီး  ဈေးပြန်ကျတဲ့အခါမှာ အကျနှုန်း နည်း‌လေ့ရှိတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်‌မောင်းတယောက်က ပြောပါတယ်။

“ဒီတပတ်က ဆီအမျိုးအစားအားလုံး ဈေးတက်တယ်။ ဆီဈေးက ကျရင်သာ နည်းနည်းကျတာ။ တက်ရင်ကျ များများတက်တယ်” လို့  ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ပြည်တွင်း စက်သုံးဆီဈေးနှုန်း‌တွေဟာ တလီတာကို ကျပ် ၇၀၀ ဝန်းကျင်မှာသာ ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် အဆများစွာ မြင့်တက်လာတဲ့အတွက် သယ်ယူပို့ဆောင်စရိတ်၊ ကုန်ထုတ်လုပ်မှု စရိတ်စကတွေ ပိုကုန်ကျလာပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေက လက်ရှိအချိန်ထိ ခါးစည်းခံနေရတာ ဖြစ်ပါတယ်။ 

အနှစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013