DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်ထက် မီးသင်္ဂြိုဟ်ခ ဈေးတက်မည်
DVB
·
January 26, 2025
စစ်ကောင်စီလက်ထက် မီးသင်္ဂြိုဟ်ခ ဈေးတက်မည်
Donate to DVB

ရန်ကုန်မြို့က စည်ပင်ပိုင် သုသာန်တွေမှာ ‌လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မီးသင်္ဂြိုဟ်စရိတ် တက်မယ်လို့ စည်ပင်ဌာနဆီက သိရပါတယ်။

လက်ရှိ မီးသင်္ဂြိုဟ်စရိတ် ကျပ် ၁ သောင်းကနေ ကျပ် ၁၅,၀၀၀ အထိ ဈေးတက်သွားမှာဖြစ်သလို ရေခဲတိုက်ကြေးကလည်း တရက်ကို ကျပ် ၅,၀၀၀ ကနေ တရက်ကို ကျပ် ၉,၀၀၀ ဖြစ်သွားမှာပါ။

အရပ်ဘက် နာကူအသင်းဝင်တယောက်က “ဆင်းရဲချို့တဲ့သူတွေကိုတော့ အသင်းက စိုက်ပေးရတာပေါ့။ ဒါတောင် တလောင်း သင်္ဂြိုဟ်ဖို့ ရေခဲတိုက်၊ ခန်းမကြေးမပါ အပြီးအစီး ၃ သောင်းကနေ ၆ သောင်းလောက် ကျတယ်။ မီးစက်ထဲထည့်ဖို့က သင်္ဂြိုဟ်ကတ် လိုသေးတယ်” လို့ ပြောပါတယ်။

မီးသင်္ဂြိုဟ်ရာမှာ အသုံးပြုတဲ့ သစ်သားကတ်တွေကို အရပ်ဘက် နာရေးကူညီမှုအသင်း‌တွေ၊ သုသာန်ဝန်ထမ်းတွေနဲ့ နီးစပ်ရင် ကျပ် ၁၅,၀၀၀နဲ့ ဝယ်ယူနိုင်မှာဖြစ်ပေမဲ့ စည်ပင်ဝန်ထမ်းတွေဆီက တိုက်ရိုက်ဝယ်ယူမယ်ဆိုရင်တော့ ကျပ် ၅၀,၀၀၀ အထိ ပေးနေရတယ်လို့ သိရပါတယ်။

နာရေးကူညီမှု အသင်းဝင်တယောက်က “တချို့ဆို ခန်းမကြေး ၂ နာရီစာ၊ ရေခဲတိုက်က အနည်းဆုံး ၂ ရက်ထားရင် ၂ ရက်စာ၊ ကတ်ဖိုး၊ သင်္ဂြိုဟ်ခတွေရော၊ စည်ပင်တွေက လက်ဖက်ရည်ဖိုး ထပ်တောင်းရင် ပေးရတာလည်း ရှိတယ်။ ပုံမှန်နာရေးဆို သေတဲ့အချိန်ကနေ ၂ သိန်း၊ ၃ သိန်းမှ မကုန်ရင် အဲဒီအလောင်း ပြာမဖြစ်ဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ရုပ်အလောင်းထားရှိမယ့် ခန်းမကြေးကို တနာရီ ကျပ် ၁၈,၀၀၀ အထိ ပေးနေရပြီး တတ်နိုင်တဲ့သူတွေ အသုံးပြုကြတဲ့ သစ်သားအခေါင်းတွေကတော့ ကျပ်ငွေ ၁ သိန်း ၈ သောင်းကနေ ၁၀ သိန်းကျော်အထိ ကျသင့်တယ်လို့ သိရပါတယ်။

ရန်ကုန်စည်ပင်ဧရိယာထဲက မင်္ဂလာဒုံ ရေဝေးသုသာန်၊ ရွှေပြည်သာ ကျူ‌ချောင်သုသာန်၊ လှိုင်သာယာ ထိန်ပင်သုသာန်နဲ့ တောင်ဒဂုံ ကျီစုသုသာန် နေရာ ၄ ခုစလုံးမှာ ဈေးတက်မှာဖြစ်ပြီး သန်လျင် အမိုးနီသုသာန်တော့ စည်ပင်ပိုင်မဟုတ်လို့ မပါဝင်ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013