DVB Logo
Home
နိုင်ငံတကာ
လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်တွင် ကျောင်း ၃၀၀ ကျော် ပိတ်
DVB
·
January 26, 2025
လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်တွင် ကျောင်း ၃၀၀ ကျော် ပိတ်
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပိုဆိုးလာလို့ ကျောင်း ၃၀၀ ကျော် ပိတ်ခဲ့ရပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ဒေသခံတွေအနေနဲ့လည်း ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့နေ ရပါတယ်။

ဘန်ကောက်မြို့ ကောင်းကင်းမှာ မီးခိုးငွေ့တွေနဲ့ ပြည့်နေပြီး အိမ်ပြင်အထွက်များတဲ့ ဒေသခံတွေဟာအသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရာတာဖြစ်ပါတယ်။

ဆိုင်ကယ်တက္ကစီမောင်းတဲ့ အသက် ၅၅ နှစ် အရွယ် ဆစ်သီဆီရီက “ကျနော် နှာခေါင်း ပိတ်နေပါတယ်။ နှာခေါင်းပွင့်ဖို့ အမြဲတမ်းကြိုးစားနေရတယ်”လို့ ပြောပါတယ်။

သောကြာနေ့ လေထုညစ်ညမ်းမှုက ဘန်ကောက်မြို့ကို ကမ္ဘာ့ ပဥ္စမမြောက် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်စေခဲ့တယ်လို့ လေထုအရည်အသွေးတိုင်းတာတဲ့ အဖွဲ့အစည်း IQAir က ဖော်ပြပါတယ်။

IQAir ရဲ့ ဖော်ပြမှုထဲမှာ လေထုအရည်အသွေး ၁၈၇ အထိ ရှိတာတွေ့ရပါတယ်။ လေထုညစ်ညမ်းမှုတွေကြောင့် အစိုးရက လူထုပို့ဆောင်ရေးကို တပတ်အခမဲ့ စီးနင်းခွင့် ပြုထားတယ်လို့ ပို့ ဆောင်ရေးဝန်ကြီးက ပြောပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013