DVB Logo
Home
မြန်မာသတင်း
ကျောက်မဲဆေးရုံကို စစ်တပ်က ဗုံးကြဲသဖြင့် ဆရာမ ၁ ဦးနှင့် လူနာ ၁ ဦးသေဆုံး
DVB
·
January 25, 2025
ကျောက်မဲဆေးရုံကို စစ်တပ်က ဗုံးကြဲသဖြင့် ဆရာမ ၁ ဦးနှင့် လူနာ ၁ ဦးသေဆုံး
1 / 2
Donate to DVB

TNLA တအာင်းတပ်မတော်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့က ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆရာမ ၁ ယောက်နဲ့ လူနာ ၁ ယောက်သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ TNLA နဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ကျောက်မဲပြည်သူ့ဆေးရုံကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်လာပြီး ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ TNLA က ထုတ်ပြန်ပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးကုသပေးနေတဲ့ CDM ဆရာမ ၁ ယောက်နဲ့ လူနာ ၁ ယောက်သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ CDM ဝန်ထမ်းတွေအပါအဝင် အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျောက်မဲပြည်သူ့ဆေးရုံတခုလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲဒေသခံတယောက်က “အိုပီတီ(ပြင်ပလူနာဆောင်)ပြီးရင် ကလေးဆောင်၊ ပြီးရင် မွေးဖွားဆောင်၊ အဲ့ကြားမှာ ကျတာ။ ပြည်သူ့ဆေးရုံဆိုင်ဘုတ်နားမှာ အိုပီတီအဟောင်းရှိတယ်။ အဲဒီအဆောင်တခုလုံးကြေမွသွားတယ်။ အဲမှာရှိတဲ့ အဒေါ် ၂ ယောက်သေတယ်။ အခု အဲပတ်ဝန်းကျင်ကို ပိတ်ထားပြီး Dead Body တွေထုတ်နေတယ်” လို့ ပြောပါတယ်။

ကျောက်မဲဒေသခံနောက်တယောက်ကလည်း ဗုံးဟာ ရဲစခန်း၊ ဆေးရုံနဲ့ တိုးဂိတ်အနီးတွေမှာ ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့လူတွေထဲမှာ ကလေးငယ်‌တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ လူနာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့ ဗုံးကြဲခံရတာကို သီပေါကနေတောင်ကြားရတယ်လို့လည်း သီပေါဒေသခံတယောက်က ပြောပါတယ်။

မွေးလူနာတွေအပါအဝင် ပြည်သူတွေဆေးဝါးကုသနေတဲ့ ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတာဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စင်းဟာ ဇန်နဝါရီ ၂၅ ရက်နေ့ ၂ နာရီဝန်းကျင်မှာ ကျောက်မဲကို ဗုံး ၂ လုံးကြဲချတယ်လို့ ‌လေကြောင်းရန်စောင့်ကြည့်နေတဲ့ WaiHinScout_Bot ရဲ့ မှတ်တမ်းမှာဖော်ပြထားပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရှမ်း/မြောက် ကျောက်မဲက TNLA တွေ တပ်စွဲထားတဲ့ ဆေးရုံဟောင်းနေရာကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက် သုတ်သင်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။

ကျောက်မဲပြည်သူ့ဆေးရုံဟာ လူနာခုတင် ၁၅၀ ဆံ့ ဆေးရုံဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

ကျောက်မဲမြို့ကို PSLF/TNLA က ထိန်းချုပ်ပြီးနောက်ပိုင်း ကျောက်မဲပြည်သူ့ဆေးရုံမှာ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဉီးတည်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့လိုသလို လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံပြည်သူ ၉ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

Photo - TNLA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013