DVB Logo
Home
မြန်မာသတင်း
အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း မူးယစ်ဆေး ကျပ်သိန်း ၄၅၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
January 24, 2025
အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း မူးယစ်ဆေး ကျပ်သိန်း ၄၅၀၀ ကျော်ဖိုး ဖမ်းမိ
Donate to DVB

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ကားဂိတ်တခုမှာ ပါဆယ်လာထုတ်သူ ၂ ဦးကို ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၂၀ လောက်မှာ မူးယစ်ဆေး‌ တွေ့ရှိမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ မူးယစ်တားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပေမဲ့ ရောင်းဝယ်သုံးစွဲမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

ပရိုဘောက်ယာဉ်မောင်းလာတဲ့ အသက် ၄၀ ဝန်းကျင်ရှိ အောင်ကျော်လင်းနဲ့ ဇာဇာဖြိုး(ခ)မဇာတို့ဟာ မူးယစ်ဆေးပါ ခြင်းတောင်း ၆ တောင်းကို ဂိတ်မှာ ထုတ်ယူချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဆိုပါခြင်းတောင်းတွေထဲမှာ တိတ်အဝါပတ်ထားတဲ့ မူးယစ်ဆေးဝါးပါ ၂၇ ထုပ်လောက် ပါဝင်နေပြီး စိတ်ကြွရူးသွပ်ဆေး အပြား ၄၅၀,၀၀၀၊ ကာလတန်ဖိုး ကျပ်ငွေသိန်း ၄၅၀၀ ကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဖမ်းဆီးမိတာတွေ ရှိနေပေမဲ့လည်း ကားဝန်းထဲမှာ ညနေမှောင်တာနဲ့ ရောင်းဝယ်သုံးစွဲမှုတွေ ရှိနေသေးတယ်လို့ အဝေးပြေးတက်စီယာဉ်မောင်းတယောက်က ပြောပါတယ်။

“ဒီလိုတင်လာရင် ကားဂိတ်က လွှတ်မပေးဘဲနဲ့ကို ရန်ကုန်ကို မရောက်ပါဘူး။ ပစ္စည်းပို့နေကျသူတွေဆို သိတယ်။ အကုန်လုံး ဖောက်စစ်တာ။ အခုတောင်းတွေနဲ့တောင် ထည့်သယ်ပေးတာပဲ။ လမ်းက ဖြတ်တင်ရင်တော့ မပြောတတ်ဘူး။ မနှစ်ကလည်း ဒီမှာ မိတာတွေ အချီကြီးတွေပဲ။ ဘယ်လောက်ပဲဖမ်းဖမ်း ဒီမှာက ညနေ ၅ နာရီလောက်ဆို ဒုစရိုက်နဲ့ ပတ်သက်တာ အကုန်ရတယ်။ မူးယစ်ဆေးတော့ ပေါ်တင်လိုလိုပဲ။”

ဖမ်းမိထားသူ ၂ ဦးကိုတော့ မင်္ဂလာဒုံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013