DVB Logo
Home
နိုင်ငံတကာ
ချီလီတွင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်ကို သတ်ဖြတ်မှုဖြင့် လူတဒါဇင်ကျော် ဖမ်းဆီးခံရ
DVB
·
January 24, 2025
ချီလီတွင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်ကို သတ်ဖြတ်မှုဖြင့် လူတဒါဇင်ကျော် ဖမ်းဆီးခံရ
Donate to DVB

ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂိုမှာ ဇန်နဝါရီ ၂၂ ရက်က အကြီးစားစီးနင်းမှုတွေကို ပြုလုပ်ခဲ့ပြီး ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်တယောက်ကို သတ်ဖြတ်မှုနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်ဂိုဏ်းဝင် တဒါဇင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့  ချီလီအာဏာပိုင်တွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ စတင်ခဲ့တဲ့ စီးနင်းမှုဟာ ထရန်းဒီအာရဂွါ ဗင်နီဇွဲလားဂိုဏ်းရဲ့ အဖွဲ့ငယ်တဖွဲ့နဲ့ ဆက်စပ်နေတဲ့ လူ ၂၃ ယောက်ကို ဖမ်းမိခဲ့ကြောင်း ရှေ့နေချုပ် အိန်ဂျယ်လ်ဗလန်စီယာက ပြောပါတယ်။

သူတို့ထဲက ၁၆ ယောက်ဟာ ဗင်နီဇွဲလားအစိုးရရဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲခံထားရတဲ့ ဗင်နီဇွဲလား ဒုဗိုလ်ချုပ်ဟောင်း ရော်နယ်လ် ဒိုဟေယာကို သတ်ဖြတ်မှုနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ဆိုပါတယ်။

အခုသီတင်းပတ်အစောပိုင်းက အကြမ်းဖက်အဖွဲ့အစည်းလို့ ဒေါ်နယ်ထရမ့်ပ်က တံဆိပ်ကပ်ထားတဲ့ ထရန်းဒီ အာရဂွါဂိုဏ်းရဲ့ ဒေသခံအဖွဲ့ငယ် လော့စ်ပီရားတာဟာ ငွေညှစ်မှု၊ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှု အပါအဝင် တခြားရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ကြောင်းလည်း  ရှေ့နေချုပ် ဗလန်စီယာက ပြောပါတယ်။

ဒီလူသတ်မှုဟာ ဗင်နီဇွဲလားအစိုးရက စီစဉ်တာပါလို့ ရော်နယ်လ် ဒိုဟေယာရဲ့ အမှုတာဝန်ခံ အစိုးရရှေ့နေ ဟက်တာဘားရော့စ်က ပြောပါတယ်။

ချီလီက ဒီလူသတ်မှုဟာ နိုင်ငံရေးဖြစ်တယ်လို့ အရင်က ပြောဖူးထားပြီး ဗင်နီဇွဲလား အာဏာပိုင်တွေက လူသတ်မှုအတွက် အမိန့်ပေးခဲ့တဲ့ အထောက်အထားများစွာရှိကြောင်း ပြည်ထဲရေးဝန်ကြီး ကာရိုလီးနားတိုဟာက ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကတော့ သူ့အစိုးရနဲ့ ထရန်းဒီအာရဂွါးဂိုဏ်းအကြား ဘာဆက်ဆံရေးမှ မရှိကြောင်း ပယ်ချခဲ့ပြီး ဒီဂိုဏ်းဟာ ဗင်နီဇွဲလားပြည်သူတွေကို တိုက်ခိုက်ပြီး နိုင်ငံမတည်မငြိမ်ဖြစ်အောင်နဲ့ ဗင်နီဇွဲလားကို လွှမ်းမိုးပြီး ကိုလိုနီပြုဖို့ ကြားဝင်စွက်ဖက်တဲ့ အခြေအနေတွေကို ပံ့ပိုးပေးတဲ့ မူဝါဒတွေလည်း ဖြစ်တယ်လို့ ပြောထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013