DVB Logo
Home
နိုင်ငံတကာ
ဂျာမန်ပန်းခြံ၌ ဓားဖြင့်တိုက်ခိုက်မှုအတွင်း လူ ၂ ဦးသေဆုံးပြီး အာဖဂန်အမျိုးသား ၁ ဦး ဖမ်းဆီးခံရ
DVB
·
January 24, 2025
ဂျာမန်ပန်းခြံ၌ ဓားဖြင့်တိုက်ခိုက်မှုအတွင်း လူ ၂ ဦးသေဆုံးပြီး အာဖဂန်အမျိုးသား ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ဂျာမန်တောင်ပိုင်း၊ ဘာဗာရီးယားပြည်နယ်၊ အာရှားဖှန်ဘုဂ်မြို့ရှိ အင်္ဂလိပ်စတိုင် ရွှန်းတယ်လ် ပန်းခြံမှာ ဇန်နဝါရီ ၂၂ ရက်က ကလေးငယ်တယောက် အပါအဝင် လူ ၂ ယောက် သေဆုံးသွားခဲ့တဲ့ ဓားထိုးတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အာဖဂန်နစ္စတန် အမျိုးသားကို အခင်းဖြစ်ပွားရာနေရာမှာပဲ ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သံသယရှိသူဟာ ပန်းခြံအတွင်းရှိ သူငယ်တန်းကလေးငယ်အုပ်စုကို တမင်ရည်ရွယ်ကာ မီးဖိုချောင်သုံးဓားနဲ့ ရုတ်တရက် တိုက်ခိုက်ခဲ့တာလို့ ဘာဗာရီးယားပြည်နယ် ပြည်ထဲရေးဝန်ကြီး ယိုအာ့က်ဟင်းမ်ဟားရ်မန်းက ပြောကြားခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ အစွန်းရောက် အစ္စလာမ္မစ် ဝါဒီထက် သံသယရှိသူဟာ စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူနေရသူလို့ ဆိုပါတယ်။

ခိုလှုံခွင့် တောင်းခံသူများဂေဟာရှိ သူ့အခန်းကို ပထမဆုံး ရှာဖွေရေးလုပ်ရာမှာ အစွန်းရောက် အစ္စလာမ္မစ် စိတ်သဘောထားရှိတဲ့ သက်သေတွေမတွေ့ရဘဲ သူ့ရဲ့ စိတ်ရောဂါကုထုံးနဲ့ ကိုက်ညီနိုင်တဲ့ဆေးတွေကိုသာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သူဟာ အကြမ်းဖက်မှုကျူးလွန်မှုနဲ့ ၃ ကြိမ် ထက်မနည်း ဖမ်းဆီးခံခဲ့ရတဲ့ ပြစ်မှုရာဇဝင်ရှိခဲ့ပြီး သူ့ကို စိတ်ရောဂါကုသမှု ခံယူစေကာ အကြိမ်တိုင်း ပြန်လွှတ်ပေးခဲ့ပါတယ်။

သူဟာ သူ့ရဲ့ခိုလှုံခွင့်လုပ်ငန်းစဉ်ကို ပိတ်ထားလိုက်ပြီး ဒီဇင်ဘာလမှာ ဂျာမနီကနေ ဆန္ဒအလျောက် ထွက်ခွာသွားတော့မယ်လို့ ပြောကြားခဲ့ပေမဲ့ ထွက်မသွားသေးပဲ ဆေးကုသမှု ခံယူနေရဆဲလို့ ဆိုပါတယ်။

ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့တဲ့ ဓားနဲ့တိုက်ခိုက်မှုကြောင့် အသက် ၄၁ နှစ်အရွယ် ဖြတ်သွားဖြတ်လာ ဂျာမန်အမျိုးသားတယောက်နဲ့ မော်ရိုကိုနွယ်ဖွား ၂ နှစ်အရွယ် ယောက်ျားလေးတယောက် သေဆုံးခဲ့ရကြောင်း အွန်တာဖှရန်ကန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်စီ မီလီယာဘက်ဆာက အတည်ပြု ပြောပါတယ်။

အသက် ၆၁ နှစ်အရွယ် အမျိုးသားတယောက်၊ ကလေးတယောက်နဲ့ ဆရာမတယောက် အပါအဝင် တခြားလူ ၃ ယောက်လည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေကြကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ထပ်သံသယရှိသူတွေ ထပ်ရှိနိုင်ကြောင်းသက်သေမရှိသလို အများပြည်သူအတွက် အန္တရာယ်မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ အခု စုံစမ်းစစ်ဆေးမှုရဲ့ နောက်ခံအကြောင်းအရာနဲ့ အကြောင်းရင်းကို အတိအကျ စုံစမ်းနေပြီး ထင်ကြေးနဲ့ ခန့်မှန်း ပြောဆိုတာမျိုး မလုပ်ဖို့လည်း ရဲတပ်ဖွဲ့နဲ့ မီဒီယာတွေကို တောင်းဆိုထားပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013