
တူရကီနိုင်ငံ ဘိုလူတောင်တန်းတွေပေါ်က နှင်းလျှောစီးအပန်းဖြေဟိုတယ် တခုမှာ ဇန်နဝါရီ ၂၁ ရက်က မီးလောင်လို့ လူ ၇၆ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရရှိခဲ့ပါတယ်။
မီးကြောင့် ဧည့်သည်တွေ ထိတ်လန့်ပြီး ပြတင်းပေါက်ကနေ ခုန်ချခဲ့ကြတာပါ။ နှင်းလျှောစီးတဲ့ တောင်စောင်းတွေ အများကြီးရဲ့ ခြေရင်းမှာရှိတဲ့ ဟိုတယ်မှာ မီးလောင်ချိန်က ဧည့်သည် ၂၃၈ ယောက် တည်းခိုခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အလီ ယာလီကာယာက ပြောပါတယ်။
“ကျနော်တို့ရဲ့ နာကျင်မှုကို ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး”လို့ အပန်းဖြေစခန်းကနေ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။
မီးငြိမ်းသွားပြီး ဟိုတယ်မှာ ရှာဖွေမှုတွေ ပြီးသွားပြီ သေဆုံးဒဏ်ရာရသူတွေကို စာနာတယ်လို့ ဝန်ကြီးက ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာကနေ ဆယ်ယူ ရရှိထားတဲ့ အလောင်းတချို့ကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ဖို့ အာဏာပိုင်တွေက မျိုးရိုးဗီဇ DNAကို စစ်ဆေး နေတယ်ပါတယ်။
အနီးနားက အစ္စတန်ဘူလ်နဲ့ အန်ကာရာမြို့တို့က မိသားစုအများအပြားဟာ ကျောင်းအား လပ်ရက်တွေအတွင်း နှင်းလျှောစီးဖို့ ဘိုလူတောင်တန်းတွေဆီ သွားချိန်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ တာပါ။
မီးလောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပြီး စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့ လူ ၉ ယောက်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အစိုးရရှေ့နေတွေက မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို သိသာအောင် ဖော်ထုတ်မှာ ဖြစ်ပြီး တာဝန်ရှိသူတွေအတွက် တရားမျှတမှုပေးမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
Source: Reuters











