DVB Logo
Home
နိုင်ငံတကာ
ရုရှား တိုက်ခိုက်မှု တားဆီးရန် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂ သိန်း လိုအပ်ဟု သမ္မတ ဇလန်းစကီး ပြော
DVB
·
January 23, 2025
ရုရှား တိုက်ခိုက်မှု တားဆီးရန် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂ သိန်း လိုအပ်ဟု သမ္မတ ဇလန်းစကီး ပြော
Donate to DVB

အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီးနောက် ရုရှားရဲ့ တိုက်ခိုက်မှုအသစ်ကို တားဆီးဖို့အတွက် ဥရောပ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် အနည်းဆုံး ၂ သိန်း လိုအပ်မှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။

ရုရှားတပ်ဖွဲ့ဝင် စုစုပေါင်း ၁ သန်းခွဲရှိပြီး ယူကရိန်းမှာ အဲဒီအရေအတွက်ရဲ့ ထက်ဝက်လောက်ပဲ ရှိတယ်ဆိုရင် လုံခြုံရေးအာမခံချက် အနေနဲ့ အဲဒီ အနည်းဆုံး ၂ သိန်း ဆိုတဲ့ အရေအတွက်ကို အနည်းဆုံးလိုအပ်မှာဖြစ်ကြောင်း သမ္မတ ဇလန်းစကီးက တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားတာပါ။

အဲဒီတပ်ဖွဲ့အင်အားဟာ ယူကရိန်း လိုအပ်တဲ့ လုံခြုံရေးအာမခံချက်ရဲ့ တစိတ်တပိုင်းသာ ဖြစ်ကြောင်း ဇလန်းစကီးက ပြောပါတယ်။

ဒီအရေအတွက်ဟာ ပြင်သစ်စစ်တပ်တခုလုံးရဲ့ အရွယ်အစားလောက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တုန်းက ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနမှာ ခန့်မှန်းခြေ အင်အား ၂ သိန်းကျော်သာ ရှိပါတယ်။

ယူကရိန်းခေါင်းဆောင်က သူနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အကြား တွေ့ဆုံဆွေးနွေးဖို့အတွက် ကိယက်ဗ်အဖွဲ့တွေ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

တနင်္လာနေ့မှာ တကျော့ပြန် သမ္မတရာထူးကို စတင်ထမ်းဆောင်ခဲ့တဲ့ ထရမ့်ပ်ဟာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံး ရပ်တန့်သွားမယ်လို့ ပြောကြားခဲ့ပြီး ဘယ်လိုရပ်တန့်မယ် ဆိုတာတော့ မပြောသွားပါဘူး။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဥရောပဟာ သူကိုယ်တိုင်နဲ့ တခြားလူတွေအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အာမခံပေးဖို့ လိုအပ်တယ်လို့ ပြောရင်း ခိုင်မာအားကောင်းတဲ့ ကမ္ဘာမှာအရေးပါတဲ့နေရာကနေ ရပ်တည်ဖို့ ဇန်နဝါရီ ၂၁ ရက်မှာ ဥရောပကို တောင်းဆိုခဲ့ပါတယ်။

ရုရှားရဲ့ အလုံးစုံစီးပွားရေးအလားအလာက ဥရောပထက်စာရင် သေးငယ်ပေမဲ့ ဥရောပအားလုံး ပေါင်းထားတာထက် အဆပေါင်းများစွာ ပိုတဲ့ လက်နက်နဲ့ စစ်လက်နက်ပစ္စည်းတွေကို ထုတ်လုပ်ပါတယ်လို့ ဇလန်းစကီးက ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်က သူ့မဟာမိတ်တွေဟာ လုံခြုံရေးအတွက် ပံ့ပိုးကူညီမှု အားနည်းတယ်လို့ ရှုမြင်ထားလို့ အမေရိကန်အစိုးရအပေါ် ဥရောပရဲ့ သြဇာလွှမ်းမိုးမှု နည်းပါးတယ်လို့လည်း သူက အကြံပြုခဲ့ပါတယ်။

“ဥရောပက သူတို့ကို တနေ့နေ့မှာ စွန့်လွှတ်နိုင်မလား၊ သူတို့ရဲ့ မဟာမိတ်ဖြစ်မှု ရပ်သွားမလား ဆိုပြီး အမေရိကန်မှာ တယောက်ယောက်က စိုးရိမ်နေသလား။ အဖြေကတော့ မဟုတ်ဘူး ဆိုတာပဲ” လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်း စစ်တပ်ကို လက်ရှိအရွယ်အစားရဲ့ ငါးပုံတပုံအထိ လျှော့ချဖို့ ရုရှားရဲ့ တောင်းဆိုချက်တွေကို ယူကရိန်းက သဘောတူမှာမဟုတ်ဘူးလို့ ဇလန်းစကီးက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒါကို တောင်းဆိုမယ်လို့လည်း သူက ဟောကိန်း ထုတ်ထားပါတယ်။ “ဒါက သူ လိုချင်တာပဲ။ ဒါကို ကျနော်တို့ ခွင့်မပြုပါဘူး” လို့လည်း ဇလန်းစကီးက ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013