DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် အာဖဂန်နစ္စတန် အကျဉ်းသားလဲလှယ်
DVB
·
January 23, 2025
အမေရိကန်နှင့် အာဖဂန်နစ္စတန် အကျဉ်းသားလဲလှယ်
Donate to DVB

အာဖဂန်နစ္စတန်မှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား ၂ ယောက်နဲ့ အလဲအလှယ်အနေနဲ့ အမေရိကန်တရားရုံးတခုက မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ အကြမ်းဖက်ဝါဒစွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အာဖဂန်နိုင်ငံသားတယောက်ကို အမေရိကန်က လွှတ်ပေးခဲ့ကြောင်း ကဘူးလ်အာဏာပိုင်တွေက ဇန်နဝါရီ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ခန် မိုဟာမဒ် ဆိုသူ အမျိုးသားဟာ လွတ်မြောက်လာပြီးနောက် ကဘူးလ်ကို ရောက်ရှိလာခဲ့ပြီလို့ အာဖဂန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ခန် မိုဟာမဒ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးက နန်ဂါဟာမှာ ထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ အမေရိကန်တရားရုံးက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရလို့ ကယ်လီဖိုးနီးယားမှာ ပြစ်ဒဏ်ကျခံနေရသူ ဖြစ်တယ်လို့ အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဟာဖစ်ဇ် ဇီယာ အာမဒ် သာကဲလ်က ပြောပါတယ်။

အမေရိကန်တရားရေးဌာန DOJ ဝက်ဘ်ဆိုက်မှာလည်း မိုဟာမက်ကို ၂၀၀၆ ခုနှစ်က အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ ဖမ်းဆီးခံခဲ့ရပြီး တနှစ်အကြာမှာ အမေရိကန်ကို လွှဲအပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ အမေရိကန်တရားရုံးက မိုဟာမဒ်ကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပြီး မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှု စွဲချက်တွေနဲ့ ပထမဆုံး ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ကြောင်း အမေရိကန် တရားရေးဌာန (DOJ) ရဲ့ အဆိုအရ သိရပါတယ်။

အကျဉ်းသားလဲလှယ်မှုဟာ အာဖဂန်နဲ့ အမေရိကန် အာဏာပိုင်တွေအကြား ကာလကြာရှည် အကျိုးရှိရှိ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ ရလဒ်ဖြစ်ကြောင်း အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံသား မူဂျာဟစ် ခန်မိုဟာမက်ကို အမေရိကန် အကျဉ်းထောင်ကနေ လွတ်မြောက်ရေးအတွက် ထိရောက်တဲ့ အခန်းကဏ္ဍကနေ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကာတာနိုင်ငံကိုလည်း အထူးကျေးဇူးတင်ပါကြောင်း အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဟာဖစ်ဇ် ဇီယာ အာမဒ် သာကဲလ်က ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013