DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စည်ပင်တွင် လုပ်ငန်းလိုင်စင်လျှောက်ပါက ကျသင့်ငွေထက် အဆမတန်ပိုတောင်းနေ
DVB
·
January 23, 2025
ရန်ကုန်စည်ပင်တွင် လုပ်ငန်းလိုင်စင်လျှောက်ပါက ကျသင့်ငွေထက် အဆမတန်ပိုတောင်းနေ
Donate to DVB

ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနက ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ လုပ်ငန်းလိုင်စင်အတွက် ကျသင့်ငွေထက် ၁၀ ဆနီးပါး ပိုတောင်းခံပြီး လာဘ်‌ငွေ မပေးပါက ပိုကြန့်ကြာနေတယ်လို့ ကိုယ်ပိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

အသေးစားလုပ်ငန်းတွေကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအလိုက် လိုင်စင်နှုန်းထားကို ဝင်ငွေနှုန်းထားအရ ကျပ် ၁၀၀,၀၀၀ လောက်သာ သတ်မှတ်ထားပေမဲ့ လျှောက်လွှာတင်ရာမှာ ကျပ်ငွေ ၁၀ သိန်းဝန်းကျင်အထိ ကုန်ကျခဲ့တယ်လို့ ထုတ်လုပ်ဖြန့်ချိရေး လုပ်ကိုင်သူတယောက်က ပြောပါတယ်။

“ကိုယ့်ဆိုင်ရဲ့ နာမည်၊ ဆိုင်းဘုတ်ကစလို့ အချက်အလက်အကုန်လုံး ယူသွားတာ။ အဝင်ဂိတ်မှာပဲ တင်ခဲ့ရတယ်။ သူတို့ ကြည့်လုပ်ပေးမယ်၊ ဘယ်လောက် ဘယ်လောက်ပေး ဆိုပြီး သိမ်းထားလိုက်တာ။ သူတို့တောင်းသလောက် မရမချင်းကို လက်မှတ်ထုတ်မပေးဘူး။ တကယ်ရလာတော့ လျှောက်လွှာတင်တဲ့နေ့ကနဲ့ ပြန်တွက်ရင် ၂ ပတ်လောက်ပဲ ကြာတာ။ တကယ်ထွက်လာတဲ့ လိုင်စင်မှာ နှုန်းထားက တသိန်းပဲ။ ပေးရတာက လမ်းစရိတ်နဲ့ဆို ၁၀ သိန်းကျော်သွားပြီ။”

လုပ်ငန်းလိုင်စင်လျှောက်ခွင့်ထဲမှာ လုပ်ငန်းအုပ်စုပေါင်း ၁၈၃ မျိုးကျော် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ အလုပ်သမားဦးရေ အပါအဝင် အဆောက်အဦ ပိုင်ဆိုင်ငှားရမ်းမှုက အစ ထည့်သွင်းဖော်ပြနေကြရပေမဲ့ လုပ်ငန်းလိုင်စင်သက်တမ်းကို ၁ နှစ်သာ ခွင့်ပြုခံထားရပါတယ်။

စည်ပင်ရုံး အချက်အလက်တွေ ပြီးဆုံးပါက စစ်ကောင်စီ အကောက်ခွန်ဌာနမှာ ဝင်ငွေခွန် သွားဆောင်ပေမဲ့ အကောက်ခွန်ဌာန ဝန်ထမ်းတွေကို အဆင့်အလိုက် လာဘ်ငွေ ၅ သောင်းကနေ ၁ သိန်းကြား ထပ်ပေးမှသာ အခွန်စည်းကြပ်မှု ပြီးဆုံးအောင် ပြုလုပ်ပေးနေကြပါတယ်။

စစ်ကောင်စီလက်ထက် အသေးစားလုပ်ငန်းလိုင်စင် လျှောက်ထားသူတွေဟာ လုပ်ငန်းစဉ်အတိုင်း မြန်မာ့စီးပွားရေးဘဏ်မှာ အခွန်ဆောင်ပြီးပေမဲ့ မပြီးဆုံးသေးဘဲ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ရုံးအဖွဲ့ဝင်တွေရဲ့ လာရောက်စစ်ဆေးချိန်မှာ လာဘ်ငွေထပ်ပေးနေရသလို မြို့နယ်မီးသတ်ဦးစီးဌာနက ပုံမှန်ပေါက်ဈေးထက် ဈေးကြီးပြီး ရောင်းချပေးနေတဲ့ မီးသတ်ဆေးဘူးတွေကိုပါ ဝယ်ယူနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013