DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက အကြွေးစနစ်ဖြင့် သေနတ်ရောင်း
DVB
·
January 22, 2025
ရန်ကုန်တွင် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက အကြွေးစနစ်ဖြင့် သေနတ်ရောင်း
Donate to DVB

ရန်ကုန်မြို့က မြောက်ဒဂုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီအဖွဲ့က သေနတ်တွေကို အကြွေးစနစ်နဲ့ ရောင်းချပေးနေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်ထဲက သေနတ်အကြွေးယူထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ထားဝယ်ချောင် ရဲစခန်းအတွင်းမှာ ဇန်နဝါရီလကစပြီး လက်နက်ငယ် အဖြုတ်အတပ်သင်တန်း ပေးနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“၄၉၊ ၅၀၊ ၅၁ က ရပ်ကွက်လူကြီးတွေ ပါတယ်။ တရပ်ကွက်ကို ၃ ယောက်နှုန်းနဲ့ သွားနေကြတာ။ သေနတ်က ပစ္စတိုတွေ။ တလ ဘယ်လောက်နဲ့ အရစ်ကျခွဲသွင်းရမှာ အကြွေးစနစ်နဲ့။”

ရွှေပြည်သာမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရုံးအဖွဲ့ဝင်တွေကိုတော့ စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်းမှာ လက်နက်ငယ်သင်တန်း ၂ ကြိမ် ပေးခဲ့ဖူးသလို ရဲနဲ့ စစ်မှုထမ်းဟောင်းတွေကိုပါ ရုံးလုံခြုံရေးအဖွဲ့မှာ ထည့်သွင်းပေးထားပါတယ်။

သေနတ်မရရှိချိန်က ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့တွေမှာ လက်နက်ကိုင်ရဲနဲ့ စစ်သားတွေ ပါဝင်ပေမဲ့ လက်နက်ရရှိပြီးချိန်ကစလို့ ရုံးအဖွဲ့နဲ့ ဘေးတွဲသမားတွေသာ ပါဝင်တော့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“၉ ရပ်ကွက်၊ ၄ ရပ်ကွက်၊ ၈ ရပ်ကွက်ကတော့ အဆိုးဆုံးထဲမှာ ပါတယ်။ အရင်ကတော့ စစ်သားတွေပါတယ်။ အခု ကိုယ့်ရပ်ကွက်မို့လို့ ညှာမယ်မထင်နဲ့။ သေနတ်ရှိတော့ ပိုလုပ်လာတာ။ ဧည့်စာရင်းရက်ကျော်ရင ယောကျ်ားလေးဆို တခါတည်း လိုက်သွားရတာ။ ရုံးမှာ ထိပ်တုံးခတ်ထားတာ။ ဆေးတွေ ဘာတွေမိရင် ရဲ‌တောင် မအပ်တော့ဘူး။ တခါတည်း စစ်ထဲထည့်တာ။”

မြောက်ဥက္ကလာပမြို့နယ်ထဲက ရပ်ကွက် ၂ ခုကနေ မြို့သစ်ဖြစ်လာတဲ့ ဝေဘာဂီမြို့သစ်နဲ့ ရွှေပေါက္ကံမြို့သစ် အုပ်ချုပ်ရေးအဖွဲ့တွေမှာတော့ စစ်မှုထမ်းဟောင်း အရေအတွက် များပြားပြီး စက်ရုံ၊ အလုပ်ရုံတွေကနေ အခွန်ပိုရတာကြောင့် ‌စစ်ကောင်စီ အကြွေးနဲ့ပေးမယ့် သေနတ်ကို လက်ငင်းဝယ်ကိုင်နေကြတဲ့ လိုင်စင်ရ လက်နက်ကိုင်အုပ်ချုပ်ရေးအဖွဲ့ဝင် ပိုများလာနေပါတယ်။

‌ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေ ပြောပြချက်အရ ၉ မမ ကျည်ဆန်ထည့်ပစ်ရတဲ့ ‌စစ်ကောင်စီထုတ် ပစ္စတိုသေနတ်တလက်ကို မြန်မာကျပ်ငွေ သိန်း ၄၀ အထိ ရှိနေပြီး ရပ်ကွက်ရုံးအမည်ပေါက်နဲ့ သေနတ်တလက်ကို ၅ နှစ် အရစ်ကျစနစ်နဲ့ ထုတ်ပေးထားတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013