DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် မနောပွဲတွေ ပြန်ကျင်းပရန် ပြင်ဆင်
DVB
·
October 24, 2014
ကချင်ပြည်နယ်တွင် မနောပွဲတွေ ပြန်ကျင်းပရန် ပြင်ဆင်
Donate to DVB

နှစ်အတန်ကြာမလုပ်ဘဲ ရပ်နားထားတဲ့ ကချင်ပြည်နယ်နေ့ မနောပွဲကို မြစ်ကြီးနားမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရ တက်လာပြီး လပိုင်းအတွင်း ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာမို့ လုံခြုံရေးအခြေအနေအရ မနောပွဲ မလုပ်နိုင်ခဲ့ဘဲရှိခဲ့ရာကနေ လာမယ့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှာတော့ မြစ်ကြီးနားမြို့မှာ မနောပွဲပြန်လုပ်ဖို့ ပြင်ဆင်နေကြပြီလို့ မနောပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးလခီလာအောင်က ပြောပါတယ်။

[caption id="attachment_68739" align="alignright" width="300"]၂၀၁၀ ခုနှစ်က မြစ်ကြီးနာမြို့တွင် ကျင်းပသည့် မနောပွဲ မြင်ကွင်း (ဓာတ်ပုံ - ရိုက်တာ) ၂၀၁၀ ခုနှစ်က မြစ်ကြီးနာမြို့တွင် ကျင်းပသည့် မနောပွဲ မြင်ကွင်း (ဓာတ်ပုံ - ရိုက်တာ)[/caption]“၆၇ နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ ကချင်ပြည်သူတွေ အထွဋ်အမြတ်ထားတဲ့ မနောပွဲကို ကကြမှာပါ။ အစိုးရသစ်လက်ထက်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဆိုတာ ပေါ်လာပြီး စစ်ဖြစ်ပွားတော့ လုံခြုံရေးအခြေအနေအရ မလုပ်ဖြစ်ခဲ့ဘူး။ ပြောင်းလဲခဲ့တဲ့ အစိုးရသစ် လက်ထက်မှာ ဒီတကြိမ် ပထမဆုံး လုပ်မှာပါ။”

ဇန်န၀ါရီ ၅ ရက်ကနေ ၁၁ ရက်ထိ မနောပွဲကျင်းပဖို့ရှိပြီး ပြည်ထောင်စုအဆင့် ၀န်ကြီးးတွေနဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဆွေးနွေးနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားတို့ကိုပါ ဖိတ်ကြားမယ်လို့လည်း ပြောပါတယ်။ ကေအိုင်အိုအဖွဲ့ကိုလည်း ဖိတ်မယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ အင်ဂျန်းယန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက မနောပွဲမှာ တယောက်နဲ့တယောက် မတည့်တဲ့သူတွေလည်း ပြန်တည့်သွားတတ်တဲ့ပွဲလို့ မနောပွဲရဲ့ ဓလေ့ကို ပြောပါတယ်။

“ကျမတို့ မနောပွဲမှာ မတည့်တဲ့သူတွေ ပြန်ပြန်တည့်သွားတာ ရှိတယ်။ အဲ့ဒီပွဲမှာ ခွင့်လွှတ်လိုက်တာတွေ ရှိတယ်။ အဲ့ဒီတော့ ဟိုဘက်ကလဲလာ ဒီဘက်ကလဲလာ၊ အတူတူထိုင်ပြီး ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုတွေ ပိုပြီးရပါစေဆိုပြီး မနောပွဲလုပ်ကြရအောင်လို့ တိုင်ပင်ပြီး လုပ်ကြမှာပါ။”

ဇန်န၀ါရီလမှာ ပြန်လုပ်မယ့် မနောပွဲကို ကချင်ပြည်နယ်အစိုးရက ဦးဆောင်လုပ်မှာ ဖြစ်ပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကတော့ ပြည်နယ်အစိုးရအနေနဲ့ စစ်ပွဲတွေ ရပ်အောင် မလုပ်ဘဲ မနောပွဲလုပ်ဖို့ စီစဉ်တာဟာ တလွဲဆံပင်ကောင်းတာလို့ မှတ်ချက်ပေး ပြောပါတယ်။

“ဒီအစိုးရလက်ထက်မှာ စတင်ခဲ့တဲ့ စစ်ပွဲကို ပြီးအောင် မလုပ်ဘူး။ စစ်ဘေးကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပံ့ပိုးဖို့ မလုပ်ဘဲနဲ့ မနောပွဲလုပ်တာဟာ ဒါတလွဲဆံပင် ကောင်းနေတာပဲ။”

ကချင်ပြည်နယ် မနောပွဲကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013