DVB Logo
Home
မြန်မာသတင်း
၈၈ နှင့် ABSDF တို့ ရန်ကုန်တွင် နိုင်ငံရေးဆွေးနွေး
DVB
·
October 24, 2014
၈၈ နှင့် ABSDF တို့ ရန်ကုန်တွင် နိုင်ငံရေးဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဗဟိုဦးဆောင် ကော်မတီနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) အတွင်းရေးမှူး အဖွဲ့တွေဟာ လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်မှာ ၂ ရက်တိတိ ဆွေးနွေးခဲ့ ပါတယ်။

[caption id="attachment_68733" align="alignright" width="300"]ဓာတ်ပုံ - ၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဓာတ်ပုံ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း[/caption]လွှတ်တော်မှာဆွေးနွေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စ ရွေးကောက်ပွဲ စနစ်အပေါ်မှာ အမြင်သဘောထားတွေကို ဆွေးနွေးခဲ့သလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က ဦးကိုကိုကြီးက ပြောပါတယ်။

ABSDF နဲ့ ၈၈ မျိုးဆက်တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေအပါအ၀င် နယ်မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် ကြိုတင်ပြင်ဆင်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

“လက်ရှိ နိုင်ငံရေး အပြောင်းအလဲမှာ ကျနော်တို့ ၈၈ ကနေအတူတူဆောင်ရွက်ခဲ့တဲ့ ပြီးတော့ ကျနော်တို့ တနေရာစီ ဒေသတခုစီခွဲပြီးတော့ ကျနော်တို့က အကျဉ်းထောင်ထဲမှာ အတော်များများနေခဲ့ရတယ်၊ သူတို့က နယ်စပ်တောတွင်းမှာနေခဲ့ရပြီးတော့ အခုလိုမျိုးလူချင်း ထိတွေ့ပြီးတော့ တွေ့ဆုံဆွေးနွေးနိုင်တာဟာ ၈၈ မျိုးဆက်တွေ ပြန်လည်ပေါင်းစည်းနိုင်တဲ့ လက္ခဏာလို့ မြင်ပါတယ်၊ ဒီအင်အားစုကြီးဟာ နိုင်ငံအပြောင်းအလဲ အတွက် အရေးပါတဲ့ အင်အားစုကြီး အဖြစ်နဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။”

အောက်တိုဘာလ ၂၁ နဲ့ ၂၂ ရက်ထိ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ABSDF က ရဲဘော်သံခဲ၊ ရဲဘော်မျိုးဝင်း အပါအ၀င် ကော်မတီဝင် ၄ ဦးနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အပါအ၀င် တခြားအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013