DVB Logo
Home
မြန်မာသတင်း
ကရင်နီ O-1 ဆေးရုံက ၂၀၂၄ ခုနှစ်အတွင်း အကြီးစားခွဲစိတ်မှု အကြိမ် ၅၀၀ ခန့် ပြုလုပ်
DVB
·
January 21, 2025
ကရင်နီ O-1 ဆေးရုံက ၂၀၂၄ ခုနှစ်အတွင်း အကြီးစားခွဲစိတ်မှု အကြိမ် ၅၀၀ ခန့် ပြုလုပ်
Donate to DVB

ကရင်နီပြည်နယ်တနေရာမှာ ဖွင့်လှစ်ထားတဲ့ O-1 ဆေးရုံကနေ ၂၀၂၄ ခု တနှစ်တာကာလအတွင်း အကြီးစားခွဲစိတ်မှုပေါင်း ၅၀၀ ခန့်ကို ပြုလုပ်ခဲ့တယ်လို့ O-1 ဆေးအဖွဲ့က ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

O-1 ဆေးရုံရဲ့ အထွေထွေ ခွဲစိတ်ဆရာဝန်နဲ့ အရိုးခွဲစိတ်ဆရာဝန်တွေက ဦးဆောင်ပြီး အကြီးစား ခွဲစိတ်မှု ၄၉၉ ကြိမ်နဲ့ အသေးစားခွဲစိတ်မှုများစွာပြုလုပ်ခဲ့ကာ အရေးပေါ်ခွဲစိတ်ကုသမှု ၁၉၅ ကြိမ် ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

O-1 ကဒေါက်တာ စိုးရန်နိုင်က "လူနာကော၊ လူနာရှင်ကိုကော မှာထားရတာက အချိန်မရွေး အသက်အန္တာရာယ်ကြုံနိုင်တယ်၊ အသက်အန္တရာယ်ဆိုတာက ခွဲစိတ်မှုကြောင့်မဟုတ်ဘဲ လေကြောင်းနဲ့ လက်နက်ကြီး အန္တာရာယ်တွေ ကြုံလာနိုင်တယ်တဲ့အတွက် ကြိုတင်နားလည်ထားပေးဖို့လိုတာပေါ့နော်။ အရင်တခါကလည်း ခွဲခုတင်က လူနာကိုပါ အပြင်ထုတ်ပြီး ဗုံးခိုကျင်းထဲ ပြေးရတာတွေပေါ့။ အခက်အခဲတွေကော စိန်ခေါ်မှုတွေကော အများကြီးပေါ့” လို့ ပြောပါတယ်။

အသက်အန္တရာယ်တွေကြားကနေ ဆေးရုံတက် အတွင်းလူနာ ၁၀၅၉ ယောက်ကို ဆေးဝါးကုသပေးနိုင်ခဲ့ပြီး ပြင်ပလူနာတွေ၊ စစ်ပွဲကြောင့် ဒဏ်ရာရလာတဲ့လူနာတွေ၊ ကျန်းမာရေးချို့ယွင်းတဲ့လူနာတွေကို တနှစ်အတွင်း အယောက် ၄၀၀၀ ကျော်အထိကုသကာ ပြင်ပ ပရဟိတဆေးခန်း ၂ ခုမှာလည်း တပတ်ကို ၄ ရက် လူနာကြည့်ပေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တနှစ်တာအတွင်း O-1 ဆေးရုံကနေ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် မြန်မာငွေ ကျပ် သိန်း ၆၁၄၇ သိန်းကျော်(အမေရိကန်ဒေါ်လာ ၁၃၆၆၀၂) ကုန်ကျခဲ့ပြီး ၂၀၂၅ ခုနှစ်မှာလည်း ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ ပါဝင်ကူညီပေးမှုတွေနဲ့အတူ ကိုယ်အား စိတ်အား ထက်သန်စွာနဲ့ ကြိုးစားသွားဖို့ ကတိပြုတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013