DVB Logo
Home
မြန်မာသတင်း
မြန်မာကျားဖြန့်ဂိုဏ်း၌ လူကုန်ကူးခံရသည့် ဟောင်ကောင်ဒေသခံ  ၁ ဦး ပြန်လွတ်
DVB
·
January 21, 2025
မြန်မာကျားဖြန့်ဂိုဏ်း၌ လူကုန်ကူးခံရသည့် ဟောင်ကောင်ဒေသခံ  ၁ ဦး ပြန်လွတ်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတခုထဲ လူကုန်ကူးခံရတဲ့ ဟောင်ကောင်ဒေသခံ တယောက်  အချိန် ၄ လအကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အ ကြောင်း RTHK သတင်းတပုဒ်မှာ ဇန်နဝါရီ  ၂၀ ရက်က ဖော်ပြပါတယ်။

ဟောင်ကောင် လုံခြုံရေးဗျူရိုရဲ့ အကူအညီနဲ့ ခုလိုကယ်တင်နိုင်ခဲ့တာဖြစ်ပြီးတော့  ဟောင် ကောင်နေထိုင်သူများဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာန အကူအညီပေးရေးဌာနက အဆိုပါ ပုဂ္ဂိုလ်ရဲ့ မိသားစုဆီက အကူအညီတောင်းခံမှုကို အစောပိုင်းကာလတုန်းက လက်ခံရရှိခဲ့ တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဟောင်ကောင်က နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၊ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ က တရုတ်သံရုံးတွေနဲ့ ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ချုပ်တို့ဆီ ဆက်သွယ်အကူအညီ တောင်းခံခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လတ်တလောမှာတော့ သူ့ကို ဟောင်ကောင်လုံခြုံရေးဗျူရို သီးသန့်တပ်ဖွဲ့က နေရပ်ဆီ အ မြန်ဆုံးပြန်လည်ခေါ်ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာသူရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သတင်းမှာ အသေးစိတ် ဖော်ပြမထားပဲ သူဟာ မြန်မာနိုင်ငံဘက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတခုမှာ ၄ လ ကြာ အဓမ္မ ခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၂ ရက်မှာတော့ မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်းလိမ်လည် ရာဇဝတ် ဂိုဏ်းတွေထဲ ပျောက်ဆုံးနေသူတွေ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ လုံခြုံရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ဟောင်ကောင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တဖွဲ့ စေလွှတ် ထားပါတယ်။

အဆိုပါအဖွဲ့ဟာ ထိုင်းနိုင်ငံက တရုတ်သံရုံးအာဏာပိုင်တွေ၊ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီးတော့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေသူတွေကို ရှာဖွေရာမှာ စုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကိစ္စတွေအတွက် အကူအညီတွေ လဲလှယ်တောင်းဆိုကြမယ်လို့ ဆိုပါတယ်။

ဟောင်ကောင်လုံခြုံရေးဗျူရိုကတော့ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်ကာလတွေ ကတည်းက ဟောင်ကောင်သားတွေဟာ အရှေ့တောင်အာရှဒေသတွေအတွင်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထဲ ကျွန်တွေလို အခြေအနေမျိုးနဲ့ အလုပ်လုပ်ဖို့ ဖြားယောင်းသွေးဆောင်ခံရတယ်လို့ သံသယရှိတဲ့အကြောင်းလည်း ထုတ်ပြန်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က ခုလိုကိစ္စတွေက ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းကဏ္ဍကို ထိခိုက်စေပြီး အစိုးရအနေနဲ့ တရုတ်နဲ့ နိုင်ငံတကာ ခရီးသွားတွေအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။

မြဝတီ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရတဲ့ တရုတ်သရုပ်ဆောင် ဝန်ဇင်းရဲ့အမှုကိစ္စ အပါအဝင် သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်မှာ ဟောင်ကောင် အဆိုတော် အီဆန်ချန်းရဲ့ ဘန်ကောက်ဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းလိုက်သလို ကျားဖြန့်ဂိုဏ်းတွေရဲ့ အန္တရာယ်တွေကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေကို ခရီးမသွားဖို့ အနီရောင်အဆင့်အဖြစ် ဟောင်ကောင် အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီ၊ ဖာပွန်၊ ဘားအံနဲ့ ကော့ကရိတ်မြို့တို့ကို မလိုအပ်ဘဲ ခရီးမသွားဖို့ ခရီးသွားခဲ့ရင် သတိထားနေထိုင်ဖို့ကို ထုတ်ပြန်ထားတာဖြစ်ပြီး မြန်မာနိုင်ငံက ကျန်တဲ့ ဒေသတွေကိုလည်း အန္တရာယ်အလယ်အလတ်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Source: RTHK

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013