DVB Logo
Home
နိုင်ငံတကာ
သမ္မတဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာ ကျိန်ဆို (ဓာတ်ပုံ) 
DVB
·
January 21, 2025
သမ္မတဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာ ကျိန်ဆို (ဓာတ်ပုံ) 
1 / 12
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ လွှတ်တော်အဆောက်အဦမှာ ၄၇ ယောက်မြောက်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒေသစံတော်ချိန် ဇန်နဝါရီ ၂၀ ရက်က ကျင်းပသွားပါတယ်။

ပွဲကျင်းပချိန်မှာ လွှတ်တော်ရှေ့ကို ထရမ့်ပ် ထောက်ခံသူတွေ လာရောက်အားပေးခဲ့သလို ဆန့်ကျင်ကန့်ကွက်သူတွေလည်း လာရောက်ဆန္ဒပြခဲ့ကြတာ မြင်တွေ့ရပါတယ်။

အမေရိကန်နိုင်ငံမှာ မဲပေးခွင့်ရှိသူတွေဟာ ဌာနေနိုင်ငံသားတွေအပြင် ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံရေးပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းနေထိုင်ရာကနေ နိုင်ငံသားဖြစ်လာသူတွေလည်း အများအပြား ရှိနေတာပါ။

ရွှေ့ပြောင်းနေထိုင်ရာကနေ နိုင်ငံသားဖြစ်လာသူတွေရဲ့ မဲပေးဖို့ စဉ်းစားချက်မှာ ဇာတိနိုင်ငံတွေရဲ့ နိုင်ငံရေးအပေါ် သက်ရောက်မှုတွေကိုလည်း ထည့်သွင်းတွက်ချက်လေ့ရှိတဲ့အတွက် အမေရိကန် နိုင်ငံရေးဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ အတိုင်းအတာတခု ဆက်စပ်မှုရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

LGBT အရေး၊ ကိုယ်ဝန်ဖျက်ချခွင့်တွေနဲ့ပတ်သက်ပြီး ရီပတ်ဘလစ်ကန်က ဥပဒေပြဋ္ဌာန်းပြီး အခွင့်အလမ်းတွေပေးဖို့ မူဝါဒသဘောထား မရှိတာကြောင့် ရှေးရိုးစွဲ အယူရှိသူတွေက ဒေါ်နယ်ထရမ့်ပ်ဘက်ကို ယိမ်းနေတာ တွေ့ရပါတယ်။

အရင်တကြိမ် ထရမ့်ပ် သမ္မတတာဝန်ထမ်းဆောင်တုန်းက အခွန်ပေးဆောင်တာနဲ့ပတ်သက်ပြီး အသေးစား အလတ်စားလုပ်ငန်းတွေကို အခွန်လျှော့ပေးခဲ့တာ၊ ငွေကြေးဖောင်းပွမှုနှုန်း နည်းတာတွေ အပါအဝင် အခြေခံစားဝတ်နေရေး ပြေလည်မှုအခြေအနေ အညွှန်းကိန်းတွေအရ ထရမ့်ပ်ကိုမဲပေးဖို့ ဆုံးဖြတ်ကြတာလို့ ထရမ့်ပ်ထောက်ခံသူ မြန်မာတွေက ပြောပါတယ်။

ကိုဗစ်အလွန်ကာလမှာ ကုန်ဈေးနှုန်း အဆမတန်တက်လာတာ၊ ငွေကြေးဖောင်းပွလာတာ၊ စီးပွားရေး ကျဆင်းလာတာ၊ နိုင်ငံတကာမတည်ငြိမ်မှုတွေအတွက် ရန်ပုံငွေအများအပြား ထောက်ပံ့ခဲ့ရတာ၊ တရုတ်ရဲ့ အင်အားကြီးထွားလာမှုတွေကြောင့် ဒီမိုကရက်သမ္မတ ဘိုင်ဒင်လက်ထက် အစိုးရဟာ ဘတ်ဂျက်လိုငွေပြတဲ့ အခြေအနေအထိ ဖြစ်ခဲ့တာပါ။

ဒီလိုမထိန်းနိုင်ခဲ့တဲ့အချက်ကပဲ ထရမ့်ပ်အတွက် အားသာချက်တခုဖြစ်လာပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အသာစီးပြန်ယူနိုင်ခဲ့တာပါ။

ထရမ့်ပ် သမ္မတဖြစ်ခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၂၀ ကာလတုန်းက ဦးတည်ခဲ့တဲ့ မူဝါဒတွေကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှာ အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတာတွေကို အကုန်ဖြတ်ချခဲ့တာ၊ အမေရိကပြည်တွင်းရေးကို ဦးစားပေးပြီး ကမ္ဘာ့နံပါတ် ၁ အဖြစ် ဆက်လက်ရပ်တည်ရေး ပေါ်လစီကို ကျင့်သုံးခဲ့တာတွေဟာ သူ့ရဲ့ နိုင်ငံတကာအရေးအပေါ် လျစ်လျူရှုမှုတွေအဖြစ် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

လက်ရှိ ရွှေ့ပြောင်းနေထိုင်သူတွေအရေးနဲ့ ပတ်သက်တဲ့ Project 2025 ပေါ်လစီဟာ ထရမ့်ပ် သမ္မဖြစ်ခဲ့တုန်းက မူဝါဒနဲ့ အများကြီးပြောင်းလဲမှုမရှိနိုင်ဘူးလို့ လေ့လာသူတွေက ယူဆနေကြပြီး ထရမ့်ပ် အနိုင်ရခဲ့ရင် မြန်မာနိုင်ငံအပါအဝင် အမေရိကန်အစိုးရရဲ့ အကူအညီ အရေးတကြီး လိုအပ်နေတဲ့ နိုင်ငံတွေအတွက် အကူအညီရနိုင်ခြေဟာ လက်ရှိအခြေအနေထက် အများကြီး လျော့နည်းသွားနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။

ထရမ့်ပ်အာဏာရခဲ့ရင် တရုတ်နဲ့ စီးပွားရေးအပြိုင် ဆောင်ရွက်ချက်တွေကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်မှာ ဖြစ်သလို နိုင်ငံတကာမှာလည်း ကုန်သွယ်ရေးဆိုင်ရာ Trade War ပြဿနာ ပိုဆိုးလာနိုင်တယ်လို့ တွက်ချက်မှုတွေလည်း ရှိနေပါတယ်။

သုတချမ်းသာ

Photo: Reuter

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013