DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် ခရစ်ပတိုငွေကြေး အောင်မြင်မှုကြောင့် ဇနီးသည်နာမည်နှင့်ပါ ထပ်ထုတ်
DVB
·
January 20, 2025
ထရမ့်ပ် ခရစ်ပတိုငွေကြေး အောင်မြင်မှုကြောင့် ဇနီးသည်နာမည်နှင့်ပါ ထပ်ထုတ်
Donate to DVB

ဒေါ်နယ်ထရမ့်ပ်ရဲ့ ခရစ်ပတိုငွေကြေး အောင်မြင်ခဲ့အပြီးမှာ ဇနီးသည် မယ်လာနီယာထရမ့်ပ်ရဲ့ မီးမ်ကွိုင် $MELANIA (ဒေါ်လာမယ်လာနီယာ) ကိုပါ ထပ်မံဖြန့်ချိလိုက်ပါတယ်။

မယ်လာနီယာက “အော်ဖစ်ရှယ် မယ်လာနီယာမီးမ် ရပါပြီ။ $MELANIA ကို အခုဝယ်လို့ရပါပြီ” လို့ မယ်လာနီယာထရမ့်ပ်က သူ့လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။ 

မယ်လာနီယာမီးမ်ကွိုင်ဟာ Solana blockchain ပေါ်မှာ ဖန်တီးထားပြီး ခြေရာခံနိုင်တဲ့ အစားထိုးလဲလှယ်နိုင်တဲ့ ခရစ်ပတိုပိုင်ဆိုင်မှုဖြစ်တယ်လို့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

တချိန်က ခရစ်ပတို ဆိုတာ “အလိမ်အညာ” လို့ ပြောခဲ့တဲ့ ထရမ့်ပ်ဟာ နောက်ပိုင်းမှာတော့ ခရစ်ပတိုကို လက်ခံတဲ့ ပထမဆုံး သမ္မတလောင်း ဖြစ်လာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဖြစ်လာတော့မယ့် ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ရဲ့ ကိုယ်ပိုင် ခရစ်ပတိုငွေကြေး $Trump ကို စတင်မိတ်ဆက်ပြီး နာရီပိုင်းအတွင်းမှာပဲ ဈေးကွက်တန်ဖိုး ဒေါ်လာဘီလီယံချီပြီး မြင့်တက်သွားပါတယ်။

$Trump (ဒေါ်လာ ထရမ့်ပ်) လို့ အမည်ပေးထားတဲ့ Meme coin (မီးမ် ကွိုင်) ကို ၄၇ ဆက်မြောက် သမ္မတအဖြစ် ကျမ်းမကျိန်မီ ၃ ရက်အလိုမှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

မီးမ်ကွိုင်တွေဟာ အင်တာနက်ပေါ်မှာ ရေပန်းစားတဲ့ အကြောင်းအရာ၊ လှုပ်ရှားမှုကို အခြေခံတည် လည်ပတ်တာဖြစ်ပြီး ပင်ကိုတန်ဖိုးမရှိဘဲ အင်မတန် အပြောင်းအလဲမြန်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်ပါတယ်။

မိတ်ဆက်ပြီး နာရီပိုင်းပဲရှိသေးတဲ့ စနေနေ့ နေ့လယ်ပိုင်းမှာတင် $Trump ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013