DVB Logo
Home
မြန်မာသတင်း
မြောင်းမြဈေး မီးလောင်ပြီး ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပျက်စီး
DVB
·
January 19, 2025
မြောင်းမြဈေး မီးလောင်ပြီး ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပျက်စီး
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြမြို့က ညောင်ပင်လေးဈေးမှာ ဇန်နဝါရီ ၁၉ ရက် ဒီနေ့မနက် ၁ နာရီခွဲလောက်က မီးကြွင်းမီးကျန်ကတဆင့် မီးလောင်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

အမှတ် ၂ ရပ်ကွက် ၆ လမ်းမှာရှိတဲ့ ညောင်ပင်လေးဈေးမှာ လောင်တာဖြစ်ပြီး မီးလောင်ချိန် ၄၅ လောက်ပဲရှိပေမဲ့ ဆိုင်ခန်း ၁၀၀ ကျော်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မီးကူ​သတ်ပေးခဲ့သူတယောက်က “ညပိုင်း ထမင်းကြော်ရောင်းတဲ့ဆိုင်က မီးကြွင်းမီးကျန်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာ။ မြောင်းမြခရိုင်ကရော၊ မြို့နယ်ကပါ မီးသတ်ကားတွေ မီးလာငြှိမ်းသတ်ခဲ့ပေမဲ့ မီးတောက်ကများပြီး လေကလည်းအရမ်းတိုက်တော့ မီးကို ချက်ချင်းမထိန်းနိုင်ဘဲ ဆိုင်ခန်းတွေအကုန် မီးကူးစက်လောင်ကျွမ်းခဲ့တာ” လို့ DVB ကို ပြောပါတယ်။

ပေါ့ဆမီးကြောင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့တဲ့ ထမင်းကြော်ဆိုင်ပိုင်ရှင်ကို ရဲစခန်းခေါ်ပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဝက်အတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ မီး ၂၅ ကြိမ်ထက်မနည်း လောင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013