DVB Logo
Home
မြန်မာသတင်း
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံက သတ္တမမြောက် ဒီရေတောအများဆုံးနိုင်ငံဖြစ်
DVB
·
October 23, 2014
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံက သတ္တမမြောက် ဒီရေတောအများဆုံးနိုင်ငံဖြစ်
Donate to DVB

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတ္တမမြောက် ဒီရေတောအများဆုံးရှိတဲ့နိုင်ငံဖြစ်တယ်လို့ FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ သစ်တောသံယဇာတအကဲဖြတ်ချက် အစီရင်ခံစာအရသိရပါတယ်။

[caption id="attachment_65854" align="aligncenter" width="491"](ဓာတ်ပုံ - ရိုက်တာ) (ဓာတ်ပုံ - ရိုက်တာ)[/caption]

မြန်မာနိုင်ငံမှာ ဒီရေတောတွေကို ရခိုင်ပြည်နယ်၊ ဧရာဝတီနဲ့ တနသာင်္ရီတိုင်းဒေသကြီးတွေမှာ အများဆုံးတွေ့ရပြီး စုစုပေါင်း ဧရိယာ စတုရန်း ကီလိုမီတာ ၅ ထောင်ကျော်ရှိတဲ့အတွက် ကမ္ဘာ့ ဒီရေတာဧရိယာရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းကျော်ရှိ တယ်လို့ ဆိုပါတယ်။

ဒီရေတောတွေဟာ ဆူနာမိငလျင်ရေလှိုင်းလို သဘောဝဘေးတားဆီးပေးတာနဲ့ စိုက်ပျိုးမြေတွေကို ပင်လယ်ဆားငန်ရေတွေဝင်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။

သစ်တောဝန်ကြီးဌာနက  ဧရာဝတီတိုင်းအတွင်း  နာဂစ်မုန်တိုင်း မတိုင်ခင်နဲ့ မုန်တိုင်းလွန်ကာလတွေမှာ  ဒီရေတောစိုက်ခင်း ဧကစုစုပေါင်း ၅ သောင်းခွဲလောက် စိုက်ပျိုးခဲ့ပါတယ်။

ဒါ့ပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် ဒီရေတောများပြန်လည်ထူထောင်ရေး စီမံကိန်းကိုလည်း ၂၀၁၃ ကနေ ၂၀၁၇ အထိ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ပူးပေါင်းပြီး ဒီရေတောဧက ၂၈၀၀ ကျာ် စိုက်ပျိုးဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013