DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ ကျမ်းကျိန်ပွဲကို  အဆောက်အဦအတွင်း၌ ကျင်းပမည်
DVB
·
January 19, 2025
ထရမ့်ပ်၏ ကျမ်းကျိန်ပွဲကို  အဆောက်အဦအတွင်း၌ ကျင်းပမည်
Donate to DVB

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားကို ရာသီဥတု အေးခဲမှုကြောင့် နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် အဆောက်အဦအတွင်းမှာပဲ ကျင်းပဖွယ်ရှိပါတယ်။

“အာတိတ်က လေအေးတွေ တိုက်ခတ်နေလို့ ဘယ်သူ့ကိုမှ နာကျင်တာတွေ၊ ထိခိုက်တာတွေ မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ကျမ်းကျိန်မိန့်ခွန်း ပြောကြားမှုကို United States Capitol Rotundaမှာ ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်”လို့ ထရမ့်ပ်က သူ့ရဲ့ ဆိုရှယ်မီဒီယာ Truth မှာ သောကြာနေ့က တင်ထားပါတယ်။

အမေရိကန်သမ္မတ ကျမ်းကျိန်ပွဲကို အဆောက်အဦအတွင်းမှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံးအချိန်က ၁၉၈၄ ခုနှစ် အရမ်းအေးတဲ့အချိန်ပဲဖြစ်ပါတယ်။

အဲဒီတုန်းက ရီပတ်ဘလစ်ကန်သမ္မတဟောင်း ရော်နယ်ရေဂင်ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ကျမ်းကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။

ထရပ်မ့် ကျမ်းသစ္စာကျိန်ဆိုမယ့် တနင်္လာနေ့ရဲ့ ရာသီဥတု ခန့်မှန်းချက်တွေမှာလည်း အနုတ် ၇ ဆဲလ်စီးယက်ရှိမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ထရမ့်ပ်ကတော့ အားပေးတဲ့သူတွေ အခမ်းအနားကို ကြည့်ဖို့ Capital One အားကစားကွင်းမှာ ကြည့်နိုင်တယ်လို့ ဆိုပါတယ်။

ဘတ်စကတ်ဘောနဲ့ ဟော်ကီပွဲတွေ လက်ခံကျင်းပတဲ့ အဲ့ဒီကွင်းဟာ လူဦးရေ ၂၀၀၀၀ ဝင်ဆံ့ပါတယ်။ တီးဝိုင်းတွေနဲ့ ချီတက်ရတဲ့ သမ္မတရုံး ချီတက်ပွဲနှင့်ပတ်သက်ပြီး ထရမ့်ပ်က ပြောဆိုထားခြင်တော့ မရှိသေးပါဘူး။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013