
မက္ကဆီကိုအရှေ့မြောက်ပိုင်း ကူလီယာကန်မှာရှိတဲ့ ရှော့ပင်းမော တခုလုံး မီးလောင်ခဲ့ကြောင်း ရိုက်တာက ဖော်ပြပါတယ်။
မီးပြင်းထန်မှုကြောင့် ရှော့ပင်းမော တခုလုံးရဲ့ အမိုးတွေပြိုကျတဲ့အထိ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
မနက် ၁၁ နာရီ ၂၀ မိနစ်မှာ မီးစတင်လောင်ခဲ့တာဖြစ်ပြီး ရှော့ပင်းမောရှိ အပန်းဖြေနေရာနဲ့ လောင်းကစားရုံတို့အပါအဝင် အဆောက်အုံ တခုလုံး မီးလောင်ခဲ့တာဖြစ်ပါတယ်။
လောလောဆယ် စုံစမ်းမှုအရတော့ ဂဟေဆော်မှုကတဆင့် မီးလောင်မှုဖြစ်စေတယ်လို့ သိထားရပြီး စုံစမ်းစစ်ဆေးမှုတွေ ထပ်ပြီး လုပ်နေပါတယ်။
ဒီရှော့ပင်းမောမှာ လောင်းကစားဝိုင်း တခုရှိပြီး အခြားဖျော်ဖြေရေးတွေ လည်းရှိပါတယ်။ ရှော့ပင်းမော မီးလောင်မှုဟာ မီးသတ်သမားတွေတောင် ညီးတွားရတယ်လို့လည်း ရိုက်တာမှာ ဖော်ပြထားပါတယ်။
ဒေသအာဏပိုင်တွေရဲ့ ဖော်ပြချက်အရ လူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဘာ့ကြောင့် အခုလို ရှော့ပင်းမောကြီး တခုလုံး ဝါးမျိုခံရတဲ့အထိ မီးလောင်ခဲ့တာလဲဆိုတာတော့ မသိသေးကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
Source-Reuters