DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်အား ကျေးဇူတင်ဟု TikTok  CEO  ပြော
DVB
·
January 18, 2025
ထရမ့်ပ်အား ကျေးဇူတင်ဟု TikTok  CEO  ပြော
Donate to DVB

TikTok ရဲ့ CEO ဖြစ်သူ ရှိုးဇီချူးဟာ အမေရိကန်ပြည်ထောင်စုမှာ သူ့ကုမ္ပဏီ ဆက်လက် လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေရမှုမှာ ပံ့ပိုးကူညီမှုအတွက် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ကို ကျေးဇူးတင်ရှိကြောင်း ဇန်နဝါရီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

“TikTok ပလက်ဖောင်းကို နေ့စဉ် အသုံးပြုနေတဲ့ အမေရိကန် သန်း ၁၇၀ ကျော်အတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေခဲ့ကြောင်းနဲ့ TikTok ပလက်ဖောင်းကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ဖောက်သည်အသစ်တွေ ရရှိနေတဲ့ အမေရိကန်

စီးပွားရေးလုပ်ငန်း ၇ သန်းကျော် ရှိနေပြီးတော့ ဒီပလက်ဖောင်းကို အမှန်တကယ် နားလည် သဘောပေါက်တဲ့ သမ္မတ တဦးရဲ့ ပံ့ပိုးကူညီမှုကို ရရှိသည့်အတွက် ကျေးဇူးတင် ဝမ်းမြောက် ရပါကြောင်း” TikTok စီအီးအိုရဲ့ ပထမဆုံး လူထုထုတ်ပြန်ချက် ဗီဒီယိုထဲမှာ သုံးစွဲသူတွေ ကို စကားပြောဆိုခဲ့တာပါ။ 

အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ အမေရိကန်ပြည်ထောင်စုမှာ TikTok ကို တားမြစ် ပိတ်ပင်တဲ့ ဥပဒေ တရပ်ကို တရားရုံးချုပ်က အတည်ပြုခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ခုလို ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါဟာ ပထမပြင်ဆင်ချက်နဲ့ မတရား ဆင်ဆာဖြတ်တောက်မှုကို ဆန့်ကျင်ပြီး ခိုင်မာတဲ့ ရပ်တည်ချက်ပါ လို့လည်း သူက ဆိုပါတယ်။ 

တရုတ်မိခင်ကုမ္ပဏီ ByteDance က TikTok ကို မရောင်းချဘူးဆိုရင် လူသုံးများတဲ့ ဗီဒီယိုအတိုတွေ တင်ကြတဲ့ အက်ပ်ကို ၂ ရက်အတွင်း ပွဲသိမ်းသွားရမယ့် လမ်းကြောင်းပေါ် ရောက်နေခဲ့တာ ဖြစ်ပါတယ်။ 

TikTok အက်ပ်ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ဟာ သူ့အပေါ်မှာ မူတည်နေမယ်လို့မှာ ထရမ့်ပ် က ပြောကြားခဲ့ပေမယ့် သူ ဘယ်လိုခြေလှမ်းတွေ လှမ်းမယ် ဆိုတာတော့ အသေးစိပ် မပြောခဲ့ပါဘူး။

ထရမ့်ပ်ဟာ TikTok ရောင်းချခြင်း သို့မဟုတ် တားမြစ်ခြင်းဥပဒေကို ရက်ပေါင်း ၆၀ မှ ၉၀ အထိ ဆိုင်းငံ့ထားမယ့် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို စဉ်းစားနေတယ်လို့ မီဒီယာတွေမှာ အစီရင်ခံကြပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013