DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းလူငယ်များ လုပ်ခလစာနည်းနည်းနှင့် လုပ်ငန်းခွင်ဝင်နေရ
DVB
·
January 18, 2025
ရွှေ့ပြောင်းလူငယ်များ လုပ်ခလစာနည်းနည်းနှင့် လုပ်ငန်းခွင်ဝင်နေရ
Donate to DVB

ပြည်တွင်းပဋိပက္ခအတွင်း မြန်မာနိုင်ငံအနှံ့ကနေ နေရပ်ပြောင်းရွှေ့လာတဲ့ လူငယ်တွေဟာ ရန်ကုန်မြို့မှာ လုပ်ခလစာ နည်းနည်းနဲ့ပဲ အလုပ်လုပ်ကိုင်နေကြရပါတယ်။

ရန်ကုန်မြို့က လက်လီလက်ကားရောင်းဝယ်နေတဲ့ ကုန်တိုက်၊ ပလာဇာ၊ Shopping Mall၊ ဈေးကြီးတွေမှာတော့ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ တနေ့အလုပ်ချိန် ၁၀ နာရီလောက် လုပ်ကိုင်ရပေမဲ့ တ‌နေ့ ၄,၀၀၀ ကျပ်ဝန်းကျင်နဲ့ တလကို အခြေခံလစာ ၁၂၀,၀၀၀ ကျပ်လောက်ပဲ ရရှိနေကြပါတယ်။

အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ၈ နာရီကြာလုပ်ငန်းခွင်တခုမှာ တနေ့လုပ်အားခ အနည်းဆုံး ၄,၈၀၀ ကျပ်နဲ့ တလစာ အနည်းဆုံး ကျပ် ၁၅၀,၀၀၀ ဝန်းကျင် ရရှိရမှာ ဖြစ်ပါတယ်။

အထည်အရောင်းဆိုင်မှာ  ၃ လလောက် လုပ်ကိုင်နေပေမဲ့ လတိုင်းငွေကြေးလိုအပ်နေတဲ့အပြင် ရတဲ့လစာကို အသွားအပြန်စရိတ်၊ ထမင်းချိုင့်စရိတ်လောက်ငအောင် သုံးစွဲနေရတယ်လို့ အတန်းပညာမပြီးသေးတဲ့ ရွှေ့ပြောင်းလူငယ်တယောက်က ပြောပါတယ်။

“ကျနော်က ပစ္စည်းပို့ပေးတာ။ မင်္ဂလာဈေးကနေ ဒီဘက်ပလာဇာကို။ အခုလစာ ၁ သိန်း ၂ သောင်း၊ ဖုန်းဘေလ်ဖိုးက ၁ သောင်းခွဲပေးတယ်။ ‌ရွှေပြည်သာကနေဆို လမ်းစရိတ်ချည်းပဲ အသွားအပြန် ၁၆၀၀။ ဒါတောင် ထမင်းချိုင့်ပါလာလို့။ လောက်တာတော့ ဘယ်လိုမှ မလောက်ဘူး။ ၆ လတခါ လစာတိုးမယ်ပြောတယ်။ နေတာ‌ကတော့ လက်ရှိ အဒေါ်တွေအဆောင်မှာ။ အားလုံး ၁ သိန်း ၂ သောင်းတော့ မဟုတ်ဘူး။ ဘွဲ့ရ မာကတ်တင်းကဆို ၂ သိန်း‌ ကျော်၊ ၃ သိန်းရတဲ့သူ‌တွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ယုဇနပလာဇာအနီးတဝိုက်က မြန်မာထမင်းဟင်းဆိုင်တွေမှာတော့  တခါပြင် ၃,၀၀၀၊ ကော်ဖီပလိန်း ၁ ခွက် ၁,၀၀၀ ကျပ် ဖြစ်တာကြောင့် ဈေးတွေမှာ  ရရာအလုပ် လုပ်နေရသူ ရွှေ့ပြောင်းလူငယ်တွေရဲ့ တနေ့လုပ်အားခ ၄,၀၀၀ ကျပ်ဟာ ထမင်းတနပ်စာလောက်ပဲ ဖြစ်နေပါတယ်။

ပလာဇာထဲက ကလေးပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တယောက်ကတော့ အရောင်းအဝယ် သိသိသာသာ ပါးလာတာရယ်၊ ဝယ်ရင်းတန်ဖိုးကြီးလာတာရယ်ကြောင့် ဝန်ထမ်းလျှော့ချနေရပြီး ပလာဇာအတွင်း တခြားဆိုင်တွေက ရွှေ့ပြောင်းလူငယ်တွေကို အလုပ်ပေးတာဟာ ဝန်ထမ်းလိုအပ်ချက်ရှိလို့ မဟုတ်ဘဲ အလုပ်ပေးချင်တာကြောင့်ပဲ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013