DVB Logo
Home
မြန်မာသတင်း
တောရိုင်းတိရစ္ဆာန် ရှားပါးလာမှုကြောင့် ပြသရန် အခက်ကြုံ
DVB
·
October 23, 2014
တောရိုင်းတိရစ္ဆာန် ရှားပါးလာမှုကြောင့် ပြသရန် အခက်ကြုံ
Donate to DVB

တောရိုင်းတိရစ္ဆာန်တွေ အရင်ကထက် ရှားပါးလာနေပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ပြသဖို့အတွက်တောင် ခက်ခဲနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

[caption id="attachment_56601" align="aligncenter" width="493"] လှော်ကားဥယျာဉ်အတွင်ရှိ သမင်များကို  တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းထွန်းသိန်း) လှော်ကားဥယျာဉ်အတွင်ရှိ သမင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းထွန်းသိန်း)[/caption]

တောရိုင်းတိရစ္ဆာန်တွေကို ရှားပါးသတ္တ၀ါနဲ့ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် သတ္တ၀ါဆိုပြီး ဥပဒေနဲ့ ထိန်းသိမ်း ကာကွယ်နေပေမယ့်  အရင်ကထက် ရှားပါးလာတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က အကြံပေးအရာရှိ ဒေါက်တာမြင့်သိန်း ပြောပါတယ်။

ရှာရခက်တဲ့အပြင် ၀ယ်ယူမယ်ဆိုရင်လည်း ဈေးနှုန်းက များလွန်းတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် ပြည်တွင်းမျိုးရင်း တောရိုင်းတိရစ္ဆာန်တွေကို ပြသနိုင်ဖို့ ကြိုးစားရှာဖွေနေတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေပြောပါတယ်။

စတင်ဖွင့်ခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ နို့တိုက် သတ္တ၀ါ၊ တွားသွားသတ္တ၀ါနဲ့ ကျေးငှက် အမျိုးပေါင်း ၁၃၀ ကျော်ကို ပြသနေပါတယ်။ ဒါပေမယ့် ပြည်တွင်းမျိုးဖြစ်တဲ့ ပြောင်နဲ့ စိုင်ကိုတော့ အခုအချိန်ထိ မပြသနိုင်ခဲ့ပါဘူး။

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ထူး ကုမ္ပဏီကို ငှားရမ်းလုပ်ကိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013