DVB Logo
Home
မြန်မာသတင်း
ပုဒ္မ ၄၃၆ ကို တပ္မေတာ္သား ကိုယ္စားလွယ္အားလံုး မျပင္ဆင္လို
DVB
·
October 23, 2014
ပုဒ္မ ၄၃၆ ကို တပ္မေတာ္သား ကိုယ္စားလွယ္အားလံုး မျပင္ဆင္လို
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့ အဓိကကျတဲ့ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ  ၄၃၆ ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက မပြင်ဆင်လိုကြောင်း အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ အစီရင်ခံစာမှာ တင်ပြထားပါတယ်။

parliment3မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပွဲမှာ  အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆  ပုဒ်မခွဲ (က) နဲ့ (ခ) ကို တပ်မတော်သားအမတ်တွေက မပြင်ဆင်လိုကြောင်း  အကြံပြုထားတာလို့ ကော်မတီရဲ့ အတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်တဲ့အခါ ပြည်သူတွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အရေးပါမှုအခန်းကဏ္ဍကို အခြေအနေနဲ့အချိန်အခါ လိုက်လျောညီထွေ ဆောင်ရွက်ရမယ်လို့ အကြံပြုထားကြောင်း ဒီအစီရင်ခံစာမှာ ပါရှိပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စည်းရုံးလှုံ့ဆော်ဆောင်ရွက်နေတဲ့ အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ခုတင်သွင်းလာတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီး ရှိနေတယ်လို့ မှတ်ချက်ပေးပါတယ်။

ပြည်သူ့လွှတ်တော်အမတ်  ဦးဝင်းထိန်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပက်သက်ပြီး ရပ်တန့်သွားမှာ မဟုတ်ကြောင်း၊ အဆင့်ဆင့်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပက်သက်လို့ ပြင်ဆင်မယ့်အချက်များကို စိတ်ကောင်းစေတနာမှန်တွေနဲ့ ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့သလို လွှတ်​တော်အမတ်များအ​နေနဲ့ ပွင့်လင်းမြင်သာပြီး အပြုသ​ဘောနဲ့​ ဆွေး​နွေး​ပေးဖို့၊ ​ဆွေး​နွေးချက်​တွေဟာ နိုင်ငံ​တော်တည်ငြိမ်အေးချမ်း​ရေးနဲ့ ဖွံ့ဖြိုး တိုးတက်​ရေး၊ တိုင်းရင်းသားစည်လုံးညီညွတ်​ရေး၊ အမျိုးသားပြန်လည်သင့်မြတ်​ရေး တရားဥပ​ဒေစိုးမိုး​ရေးနဲ့ ငြိမ်းချမ်း​ရေး ဒီမိုက​ရေစီပြုပြင်​ပြောင်းလဲ​ရေး၊ နိုင်ငံ​တော်နဲ့ နိုင်ငံသားများ အကျိုးစီးပွားပိုမိုဖြစ်ထွန်း​ရေးတို့နဲ့ ပတ်သတ်တဲ့ ​ဆွေး​နွေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး  နိုင်ငံတ၀န်း လူထုလှုပ်ရှားမှုတွေ မကြာသေးခင်က ပြုလုပ်ခဲ့ပြီး ၄၃၆ ပြင်ဖို့ ဆန္ဒပြုထားတဲ့ လက်မှတ်ပေါင်း ၅ သန်းကိုလည်း လွှတ်တော်ထံ တင်ပြထားပါတယ်။

ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပြီးမှ ပြင်ဆင်လို့ ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။

ဒါပြင် လူထုဆန္ဒခံယူတဲ့အခါမှာလည်း ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော် မှ ပြင်ဆင်နိုင်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013