DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အပစ်ရပ်စဲရေး မစခင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံး
DVB
·
January 16, 2025
ဂါဇာ အပစ်ရပ်စဲရေး မစခင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံး
Donate to DVB

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ဂါဇာစစ်ပွဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းသူတွေဟာ ဇန်နဝါရီ ၁၅ ရက်မှာ သဘောတူညီချက် ရခဲ့ပြီလို့ ကာတာဝန်ကြီးချုပ် ရှိတ်ခ် မိုဟမ်မဒ် ဘင် အဗ္ဗဒူရာမန် အယ်လ်ထာနီက ကြေညာခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးဟာ ဇန်နဝါရီ ၁၉ ရက်မှာ အသက်ဝင်မယ်လို့ ဒိုဟာမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အယ်လ်ထာနီက ပြောခဲ့ပါတယ်။

သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းတွေကို အစ္စရေးနဲ့ ဟားမတ်စ်တို့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

သဘောတူညီချက်ထဲမှာ သီတင်း ၆ ပတ်ကြာ ကနဦး အပစ်အခတ်ရပ်စဲရေးအဆင့်ကို ဖော်ပြထားပြီး ဂါဇာကမ်းမြောင်က အစ္စရေးတပ်ဖွဲ့တွေ တဖြည်းဖြည်းဆုတ်ခွာရေးနဲ့ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ လဲလှယ်ဖို့ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးရေးတို့ ပါပါတယ်။

ပါလက်စတိုင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ တောက်လောင်ခဲ့တဲ့ ၁၅ လကြာ ပဋိပက္ခအပြီးမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထွက်ပေါ်လာခဲ့တာပါ။

ဒီသဘောတူညီချက်ကို အမေရိကန်ရဲ့ ကျောထောက်နောက်ခံနဲ့ အီဂျစ်နဲ့ ကာတာအစိုးရတို့က ကြားဝင်စေ့စပ်ပေးခဲ့တာဖြစ်ပြီး လပေါင်းများစွာ လမ်းဖွင့် ညှိနှိုင်းခဲ့ရတာပါ။

ဇန်နဝါရီ ၂၀ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ သဘောတူညီချက် ရခဲ့တာလည်း ဖြစ်ပါတယ်။

ဟားမတ်စ် ဦးဆောင်တဲ့ သေနတ်သမားတွေက လုံခြုံရေးအတားအဆီးတွေကို ဖြတ်ကျော်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ အစ္စရေးအသိုက်အဝန်းတွေထဲကို ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် စစ်သားတွေနဲ့ အရပ်သားတွေ အယောက် ၁,၂၀၀ လောက် သေဆုံးပြီး နိုင်ငံခြားသားနဲ့ အစ္စရေးဓားစာခံ ၂၅၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပါတယ်။

ဒါကြောင့် လက်တုံ့ပြန်ဖို့ အစ္စရေးတပ်ဖွဲ့ဝင်တွေက ဂါဇာကို ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးကြောင့် လူပေါင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ကမ်းရိုးတန်း အဝန်းအဝိုင်းအတွင်း အပျက်အစီးတွေ ကျန်ရစ်ခဲ့လို့ ဆောင်းရာသီ အအေးဒဏ်ကြားမှာ ထောင်နဲ့ချီတဲ့ တဲတွေနဲ့ ယာယီတဲတွေထဲမှာ ရှင်သန်ကျန်ရစ်သူတွေ နေထိုင်ကြရပါတယ်။

ဂါဇာမြို့က လူနေအဆောက်အအုံတခုကို အစ္စရေးက ဇန်နဝါရီ ၁၅ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်လို့ လူအများအပြား သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ပါလက်စတိုင်း အယောက် ၄ သောင်းခွဲကျော် သေဆုံးခဲ့ရပြီးတဲ့နောက် အစ္စရေးနဲ့ ဟားမတ်စ်တို့ကြားက ၁၅ လကြာ ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းသူတွေက သဘောတူညီချက်တရပ်ကို ရခဲ့ပြီးနောက် ခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

ရှုပ်ထွေးတဲ့ သဘောတူညီချက်ထဲမှာ သီတင်း ၆ ပတ်ကြာမယ့် ကနဦး အပစ်အခတ်ရပ်စဲရေး အဆင့်ကို ဖော်ပြထားပြီး ဂါဇာကမ်းမြောင်က အစ္စရေးတပ်ဖွဲ့တွေ တဖြည်းဖြည်း ဆုတ်ခွာဖို့နဲ့ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ ဟားမတ်စ်တွေ ဖမ်းထားတဲ့ အစ္စရေးဓားစာခံတွေ လွှတ်ပေးဖို့လည်း ပါဝင်ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင်စစ်ပွဲတွေကြောင့် လူပေါင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဂါဇာကမ်းမြောင်တလွှား အဆောက်အဦတွေ ပြားပြားဝပ် ပျက်စီးခဲ့လို့ စစ်ဘေးကနေ ရှောင်တိမ်းနေရသူ ထောင်ပေါင်းများစွာဟာ ဆောင်းရာသီ အအေးဒဏ်ကြားမှာ ရွက်ဖျင်တဲတွေ၊ ယာယီအမိုးအကာတွေထဲမှာ နေရင်း ရုန်းကန်နေရတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013