DVB Logo
Home
နိုင်ငံတကာ
TikTok ပိတ်ဖွယ်ရှိသဖြင့် တရုတ်ပိုင် Rednote ကို ပြောင်းသုံးသူ ၇ သိန်းကျော်ရှိလာ
DVB
·
January 15, 2025
TikTok ပိတ်ဖွယ်ရှိသဖြင့် တရုတ်ပိုင် Rednote ကို ပြောင်းသုံးသူ ၇ သိန်းကျော်ရှိလာ
Donate to DVB

အမေရိကန်က TikTok ကို ပိတ်ပင်ဖွယ်ရှိတာကြောင့် တရုတ်လူမှုကွန်ရက် Rednote app ကို download လုပ်မှု များလာတယ်လို့ ဖော်ပြပါတယ်။

Rednote ကို Download လုပ်သူ ၇၀၀,၀၀၀ ရှိပြီဖြစ်ပြီး ဒီပမာဏဟာ ၂ ရက်အတွင်း အသုံးပြုသူအသစ် တိုးလာတာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်မှာ Apple App Store ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး App စာရင်းမှာ ဒုတိယနေရာအထိ Rednote က ရောက်ရှိလာပါတယ်။

Rednote ကို အမေရိကန်မှာ ဒီတပတ်အတွင်း download  ဆွဲမှုနှုန်းက ပြီးခဲ့တဲ့နှစ်ကထက် ၂၀၀ ရာခိုင်နှုန်းကျော်တဲ့အထိ ရှိတယ်လို့ ဆိုပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာ တရုတ်အင်တာနက်ကုမ္ပဏီ ByteDance ပိုင် TikTok ဟာ အမေရိကန်အစိုးရရဲ့ ပိတ်သိမ်းခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြောင်းလဲအသုံးပြုလာတဲ့ Rednote ဟာ တရုတ်ဘာသာနဲ့ အသုံးပြုရတဲ့ app တခုဖြစ်ပေမဲ့ လက်ရှိအချိန်မှာ အင်္ဂလိပ်ဘာသာ ပြောင်းသုံးလို့ရပြီ ဖြစ်ပါတယ်။

Rednote ကို ရှန်ဟိုင်းအခြေစိုက် ရှင်းရန်ကုမ္ပဏီက ၂၀၁၃ ခုနှစ်မှာ စတင်ထုတ်လုပ်တာဖြစ်ပြီး တရုတ်ဘာသာစကားနဲ့ အသုံးပြုတဲ့ နိုင်ငံတွေမှာ အသုံးပြုကြပါတယ်။

ဘလွန်းဘတ်ရဲ့ ဖော်ပြမှုအရ လစဉ် အသုံးပြုသူ အရေအတွက် သန်း ၃၀၀ ရှိတယ်လို့ သိရပါတယ်။

ဒီ app ဟာ TikTok ပုံစံနဲ့ တူသလို Instagram app နဲ့ ဆင်တူတယ်လို့လည်း ဆိုပါတယ်။

Rednote app မှာ ဗွီဒီယို အတိုလေးတွေ၊ စာတင်တဲ့ ပို့စ်တွေနဲ့ ဈေးရောင်း၊ ဈေးဝယ်လို့ရတဲ့ Shopping Feature လည်း ပါဝင်ပါတယ်။

Rednote app ဟာ Instagram, Pinterest, Tiktop တို့ကို ပေါင်းစပ်ထားတယ်လို့ ဖန်တီးသူက ရှင်းပြပါတယ်။

Rednote က Tiktop ထက် သုံးလို့ ပိုပြီးကောင်းတဲ့အကြောင်းလည်း ကွန်းတန့်ဖန်တီးသူက ထပ်မံပြောဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013