DVB Logo
Home
မြန်မာသတင်း
နိုဝင်ဘာလကုန် တရုတ်ကို ဆန်ရောင်းချနိုင်ရေး ညှိနှိုင်း
DVB
·
October 23, 2014
နိုဝင်ဘာလကုန် တရုတ်ကို ဆန်ရောင်းချနိုင်ရေး ညှိနှိုင်း
Donate to DVB

နိုဝင်ဘာလကုန်မှာ  တရုတ်နိုင်ငံကို မြန်မာဆန်တွေ တရားဝင် တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ပြောပါတယ်။

Farmers scatter rice to clean it after collection from a field at Naypyitawတရုတ်နိုင်ငံကို မြန်မာဆန်တွေ တရားဝင် တင်သွင်းခွင့် မရသေးတဲ့ကိစ္စ ညှိနှိုင်းဆောင်ရွက်ဖို့ လုပ်ငန်းကော်မတီတခုကို အောက်တိုဘာ ၂၁ ရက်နေ့က ဖွဲ့စည်းဆောင်ရွက်နေပါတယ်။

ဒီကော်မတီအနေနဲ့ မြန်မာနိုင်ငံရဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများရဲ့ အကျိုးစီးပွားတွေကို ဖော်ဆောင်ဖို့  နှစ်နိုင်ငံ ရေရှည် ကုန်သွယ်ရောင်းဝယ်မှုကို ဖော်ဆောင်ဖို့နဲ့ ၂ နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းတွေကို အဆင်ပြေချောမွေအောင်ဆောင်ရွက်ဖို့နဲ့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့  တရုတ်နိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့  ညှိနှိုင်းဆောင်ရွက်နေတာပါ။

တရုတ်နိုင်ငံဘက်ကို ဆန်စပါး အမြန်တင်ပို့မရောင်းချနိုင်ရင် လာမယ့် ဇန်န၀ါရီ ဆန်စပါး ပေါ်ချိန်မှာ စပါးတွေ ဈေးကောင်းမရဘဲ ဈေးကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တာဝန်ရှိသူတဦဖြစ်တဲ့ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

အရင်နှစ်က တရုတ်နိုင်ငံက ဆန်စပါး ၀ယ်ယူနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြည်တွင်းမှာ  စပါးကို ၀ယ်ယူသိုလှောင်ထားတာ အမြောက်အမြား ရှိခဲ့သလို တရုတ်က ဆန်တင်ပို့မှုအပေါ် ဖမ်းဆီးခဲ့တဲ့အတွက် ဒီစပါးတွေက ကျန်ရှိနေဆဲဖြစ်နေတာပါ။

ဒီနှစ် စိုက်ပျိုးမြေ ဧက ၁၆ သန်းကနေ ထွက်ရှိလာမယ့်  ခန့်မှန်းခြေ တန်ချိန် ၁၈ သန်းကနေ ၂၀ သန်း လောက်ရှိနိုင်မယ့် စပါးတွေကို ၀ယ်ယူဖို့ ငွေကြေး အခက်အခဲရှိသလို တခြားစနစ်ကျတဲ့ လုပ်ဆောင်ချက်တွေမရှိတဲ့အတွက် စပါးပေါ်ချိန်မှာ ဈေးထိုးကျပြီး လယ်သမားတွေ အထိနာမှာကို  စိုးရိမ်တယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“တဖက်ကလို အရန်ဆန်တွေ ထွက်ဝယ်ဖို့ ကြွေးဆိုင်းငံ့ပေးဖို့ ဒါလေးတွေကိုလည်း အစိုးရ ဘက်ကို တိုက်တွန်းသွားဖို့ ရှိပါတယ်။ ပုဂ္ဂလိကကဏ္ဍကို တိုက်တွန်းတာက စက်ပိုင်တွေဝယ်ဖို့ ပြည်ပကို တင်ပို့ဖို့ပေါ့နော်။ ဈေးသိပ်ကျလာတယ်၊ ၃ သိန်း၊ ၃ သိန်းခွဲအောက် ရောက်လာတယ်ဆိုရင် ကျနော်တို့ဆီအကြောင်းကြားရင် တတ်နိုင်သလောက် ညှိနှိုင်းဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။ ကျနော်တို့မှန်းတာကတော့ အထူးဧည့်မထ တင်း ၁၀၀ ကို ၃ သိန်းခွဲ၊ ရိုးရိုးဧည့်မထက ၃ သိန်း ၃သောင်း အောက်ရောက်ရင်တော့ တောင်သူတွေ အနေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် မကာမိဘူးလို့ ကျနော်တို့ယူဆပါတယ်။”

လယ်သမားတွေ ထိခိုက်မှုမရှိအောင် ပုဂ္ဂလိကပိုင်းအနေနဲ့ ဆန်စပါးတွေကို တနိုင်တပိုင် ၀ယ်ယူပေးကြဖို့ ဆန်စပါးအသင်းက တိုက်တွန်းနေပါတယ်။

၂၀၁၂ ခုနှစ်မှာ  ပြည်ပက ၀ယ်လိုအား အေးသွားတဲ့အတွက် စပါးအမျိုးအစားပေါ် မူတည်ပြီး တင်း ၁၀၀ ကို ကျပ်ငွေ ၂ သိန်းခွဲနီးပါး ကျသွားခဲ့ဖူးပြီး အရင်နှစ်ကတော့ စပေါ်ကတည်းက စပါးဈေးက တင်း ၁၀၀ ကို  ၃ သိန်း ၈ သောင်းနဲ့ ၄ သိန်းကြား ရှိတယ်လို့ ဆန်စပါးအသင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013