DVB Logo
Home
မြန်မာသတင်း
ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် ကမ်းရင်ကျေးရွာ စိုက်ခင်းများပျက်စီးပြီး စားဝတ်နေရေး အခက်ကြုံ
DVB
·
October 22, 2014
ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် ကမ်းရင်ကျေးရွာ စိုက်ခင်းများပျက်စီးပြီး စားဝတ်နေရေး အခက်ကြုံ
Donate to DVB

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က မကွေးမြို့နယ် ကမ်းရင်ကျေးရွာက ရေကြီးနစ်မြုပ်သွားတဲ့ တောင်သူတွေ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ပြီး စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရေကြီးပြီး သဲဖုံးလွှမ်းသွားတဲ့အတွက် ယာနဲ့ ကိုင်းစိုက်ခင်းတွေပေါ်က ရိတ်သိမ်းခါနီးဆဲဆဲ ပဲနောက်နဲ့ ပဲစင်းငုံတွေ ပျက်စီးခဲ့ရသလို နွားစာအတွက် စိုက်ပျိုးထားတဲ့ နှံစားပြောင်းပင်တွေလည်း ပျက်စီးသွားခဲ့ရတာပါ။

paddy copyပဲစင်းငုံစိုက်ခင်းတွေ ပျက်စီးသွားတဲ့ ရွာသား ဦးစိုးတင့်က “ချောင်းကြီးကဗျာ တခါမှလည်း ဒီလိုမျိုး မဖြစ်ဖူးပါဘူး။ အရင်တုန်းကတော့ ပါးပါးတော့ လာဖူးပါတယ်။ အခုကျတော့ မတရား သက်သက်လာတော့ ယာရော၊ ကိုင်းရော တော်တော် ပျက်စီးပါတယ်။ ပဲနောက်နဲ့ ပဲစင်းငုံပေါ့။ ရိတ်သိမ်းခါနီးဆိုရင် နောက်နေ့ ကောက်ဖို့ လူခေါ်ပြီးသား ကျနော်မှာ အခုတော့ အားလုံး ဆုံးရှုံးသွားပါပြီ။ ဒီနှစ်ပိုင်းရာသီဆိုလို့ရှိရင် မိုးလည်း နောက်ကျတယ် တော်တော်လေး။ မိုးခေါင်သလို ပထမသီးနှံတွေလည်း မရကြဘူး။ တောင်သူတွေ အများစု၊ နောက်မိုးလေးအားပြုပြီး ဒါဆိုဧက ၁၀၀ကျော်ပေါ့။ အနိမ့်ပိုင်းဆို လူပေါင်း ၁၅၀ ကျော် ၂၀၀ လောက်က စားဝတ်နေရေးခက်ခဲတယ်။ တောင်သူလယ်သမားတင် မကဘူး အလုပ်သမားတွေပါ ခက်ခဲတယ်။ အဲဒီအတွက် ဒီချောင်းရေလွှမ်းလိုက်တဲ့အတွက် ယာတွေလည်း ပျက်စီးသွားတယ်၊ ကိုင်းပြင်တွေလည်းပျက်စီးသွားတယ်။ အလုပ်သမားတွေ ဆင်းရဲနွမ်းပါးသလို နွားစာတွေပါ ရှားပါးတဲ့အထိ ထိခိုက်ပါတယ်” လို့ ပြောပါတယ်။

ကြက်သွန်နဲ့ ဂန္ဓမာပန်းတွေ စိုက်ပျိုးပြီး ပျိုးပင်ရောင်းချနေသူ ဦးအောင်လင်းကလည်း သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

“ကျနော်ရဲ့ စိုက်ခင်းတွေကတော့ ဒီမှာ ဂန္ဓမာတွေ လုပ်ထားတယ်။ ကြက်သွန်မျိုးတွေ ပေါ့နော်။ ကြက်သွန်မျိုးတစို့ကို ၂၅၀၀ တန်ပါတယ်။ ကြက်သွန်မျိုးအစို့ကလည်း ၁၀၀၀ ကျော်လောက်ရှိပါမယ်။ ဂန္ဓမာကဆိုရင် ပြင်ဦးလွင်ကို တက်ဝယ်ရတာ။ တပင်ကို ၁၀ ကျော်၊ ၁၅ ကျပ်၊ ၂၀ အစားစား ရှိတယ်ပေါ့။ အဲဒီပျိုးပင်ပေါက်လေးတွေ စိုက်ထားတာမြုပ်သွားတယ်ပေါ့နော်။ ခုချိန်ထိ အစိုးရ အာဏာပိုင်အဖွဲ့အစည်းကနေပြီးတော့ ကျနော်တို့ဆီကို ကြည့်ရှုခြင်း၊ ကူညီ ထောက်ပံ့ခြင်းလည်း မရှိပါဘူး။ မေးမြန်းခြင်းလည်းမရှိပါဘူး။”

ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့အခါမှာ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးကို အောက်တိုဘာ ၁၈ ရက်နေ့က ပျက်စီးဆုံးရှုံးနစ်နာသွားတဲ့ စာရင်းဇယားကို တင်ပြထားတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013