DVB Logo
Home
အားကစား
အက်ဖ်အေဖလား စတုတ္ထအဆင့်တွင် နစ္စတယ်ရွိင်း၏ လက်စတာအသင်းနှင့် မန်ယူ တွေ့ဆုံ
DVB
·
January 13, 2025
အက်ဖ်အေဖလား စတုတ္ထအဆင့်တွင် နစ္စတယ်ရွိင်း၏ လက်စတာအသင်းနှင့် မန်ယူ တွေ့ဆုံ
Donate to DVB

အင်္ဂလန် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေ မဲခွဲပွဲကို မနေ့ညက ပြုလုပ်ခဲ့ရာမှာ မန်ယူအသင်းက အသင်းနည်းပြဟောင်း နစ္စတယ်ရွိင်း တာဝန်ယူနေတဲ့ လက်စတာနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

တတိယအဆင့်မှာ အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်မှာ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်တက်ခဲ့တဲ့ မန်ယူအသင်းဟာ စတုတ္ထအဆင့်မှာတော့ အိမ်ကွင်းပွဲစဉ်အဖြစ် လက်စတာနဲ့ ယှဉ်ပြိုင်သွားရမှာပါ။

၃၂ သင်းပါဝင်တဲ့ စတုတ္ထအဆင့်မှာ ပရီးမီးယားလိဂ်အသင်းချင်း တွေ့ဆုံမှုအနေနဲ့ ချဲလ်ဆီးနဲ့ ဘရိုက်တန်၊ အဲဗာတန်နဲ့ ဘုန်းမောက်၊ အက်စတွန်ဗီလာနဲ့ စပါးအသင်းတို့ ထိပ်တွေ့ဆုံပါတယ်။

တခြားအသင်းကြီးတွေထဲမှာ မန်စီးတီးက လေတန်နဲ့ ဒါဘီပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ အဝေးကွင်းပွဲ ကစားရမှာဖြစ်ပြီး လီဗာပူးက ပလိုင်းမောက်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

စတုတ္ထအဆင့်ပွဲစဉ်တွေကို လာမယ့် ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၀ ရက်အတွင်း ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013