DVB Logo
Home
မြန်မာသတင်း
တနိုင်းက ရွှေမှော်များကို စစ်တပ်ဗုံးကြဲသဖြင့် ၁၅ ဦးထက်မနည်းသေဆုံး
DVB
·
January 12, 2025
တနိုင်းက ရွှေမှော်များကို စစ်တပ်ဗုံးကြဲသဖြင့် ၁၅ ဦးထက်မနည်းသေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ တနိုင်းမြို့နယ်၊ စံလွန်ကျေးရွာက လပူခရွှေမှော်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ တိုက်ပွဲမဖြစ်ဘဲ လပူခရွှေမှော်နဲ့ စန်လွန်ရွှေမှော် နေရာတွေတို့ကို ၂ ကြိမ်တိတိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စန်လွန်ရွှေမှော်ထဲက စျေးဆိုင် ၉ ဆိုင် တစစီပျက်စီးသွားပြီး အရပ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အပြင် ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာပြင်းထန်သူတွေကို‌တော့ နီးစပ်ရာ KIO ဆေးခန်းဆီကို ပို့ဆောင်ထားပြီး သေဆုံးသူတွေဟာ ဒေသခံတွေနဲ့ ရွှေမော်မှာ လာ‌ရောက်ရွှေတူး‌လုပ်ကိုင်‌နေကြသူတွေဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ထိခိုက်သေဆုံးသူအ‌‌ရေအတွက်ကို အတည်မပြုနိုင်သေးသလို အလောင်း‌ပျောက်သွားတာလည်း ရှိနိုင်‌‌သေးတယ်လို့ မျက်မြင်ကြုံတွေ့ရသူတယောက်က ပြောပါတယ်။

KIA တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ တနိုင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ရွှေနဲ့ ပယင်းမှော်တွေကို ထိန်းချုပ်ထားတဲ့ နမ်ဗျူတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလအတွင်း KIA ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013