
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့လို့ လူသိများတဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ တပ်မှူး တယောက်ဟာ မြေအောက်ဒုံးကျည်စက်ရုံကို စစ်ဆေးနေပုံကို အီရန်မီဒီယာမှ ဇန်နဝါရီ ၁၀ ရက် သောကြာနေ့မှာ ပြသလိုက်ပါတယ်။
“နေ့စဉ်နေ့တိုင်း ဒီမြေပြင်ရဲ့ နေရာထောင့်စွန်းတွေမှာ စနစ်နဲ့ ဒုံးကျည်အရေအတွက်ကို နေ့တိုင်း ထပ်ထည့်နေတယ်။ ကျနော်တို့ရဲ့ ထုတ်လုပ်မှုစွမ်းအား ရပ်တန့်သွားပြီလို့ ရန်သူက ထင်ကောင်းထင်နိုင်ပေမယ့် ကျနော်တို့ရဲ့ ဒုံးကျည်စွမ်းအား တိုးတက်မှုနှုန်းက ခေတ်မီနေပါတယ်။” ဟု ဗိုလ်ချုပ်ကြီး ဟော့စိန် ဆလာမီက ပြောကြားခဲ့ပါတယ်။
ရုပ်သံကို ဘယ်အချိန် ဘယ်နေရာမှာ ရိုက်ကူးခဲ့တယ် ဆိုတာ ချက်ချင်း မသိရသေးပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလက အီရန်အနောက်ပိုင်းနဲ့ တီဟီရန် အနီးရှိ ဒုံးကျည်စက်ရုံတွေနဲ့ တခြားနေရာတွေကို အစ္စရေး ဂျက်တိုက်လေယာဉ် အများအပြားက ပစ်ခတ်ခဲ့တဲ့ တိုက်ခိုက်မှု လှိုင်းလုံးတွေ ပြီးဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။
အီရန်ဟာ သူ့ရဲ့စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို လေကြောင်းမှ တိုက်ခိုက်ခံရခြင်းကို အရေးမကြီးသလိုမျိုး လုပ်ထားပြီး ပျက်စီးမှုက အကန့်အသတ်လောက်သာ ရှိတယ် လို့ ဆိုပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ် တို့က အစ္စရေးကို တိုက်ခိုက်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ကတည်းက ဒေသတွင်းမှာ တင်းမာမှုတွေ မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုတို့ကို အန္တရာယ်ထဲ ဆွဲခေါ်နိုင်မယ့် ပိုပြီးကျယ်ပြန့်တဲ့ ပဋိပက္ခဖြစ်မှာကို စိုးရိမ်မှုတွေ တိုးပွားစေပါတယ်။
Source-Reuters