
နာပိုလီတိုက်စစ်ကစားသမား ခွာရတ်စကယ်လီယာဟာ အသင်းပြောင်းရွှေ့ဖို့ရှိကြောင်း နည်းပြ ကွန်တီက အတည်ပြုသွားပါတယ်။
အသက် ၂၃ နှစ်ရှိ ဂျော်ဂျီယာ ကစားသမားဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ နာပိုလီကို စကူဒက်တိုချန်ပီယံဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့သူပါ။
အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့တာကြောင့် ခွာရတ် စကယ်လီယာဘက်က ထွက်ခွါခွင့်တောင်းဆိုထားလို့ အသင်းပြောင်းရွှေ့ဖို့ရှိကြောင်း ကွန်တီက အတည်ပြုခဲ့တာပါ။
ဂျော်ဂျီယာကစားသမားကိုခေါ်ယူဖို့ ပြင်သစ်ကလပ် PSG အပါအဝင် လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Photo-Reuters










